ရန်ကုန်မြို့သစ်၏ ၁ဝ%ခန့်အကျယ်ရှိသော အပိုင်း(၁)အားအဓိကထားဖော်ထုတ်သွားမည်


04 December, 2020

မဟာရန်ကုန်၏စီးပွားရေးကို ဦးဆောင်မည့် မြို့တစ်ခုဖြစ်လာရေးအတွက်ရန်ကုန်မြို့သစ်တွင်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားပြီး စီမံကိန်း အဆင့်(၁) တွင် စက်မှုဇုန်ဧရိယာအား ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်နှင့်ပတ်သက်ပြီး ထိုစီမံကိန်းသည် အလဟဿ မလိုအပ်သော ငွေဖြုန်းတီးသည့်စီမံကိန်းကြီး၊မြို့သစ်တွင်တောက်ပနေသည့် မိုးမျှော်တိုက်များနှင့် တန်ဖိုးမြင့်အိမ်ရာများကို လိုချင်သည်ဆိုသည့် ဝေဖန်ထောက်ပြပြောဆိုမှုများရှိနေသည်။

မြို့သစ်တည်ထောင်သည့်နေရာတွင် ထိုမြို့သစ်သည်လာမည့် နှစ်ပေါင်း ၂၅-၃ဝ နှစ်ကြာလျှင် ဖြစ်သင့်သည့်ပုံစံကို ကြိုစဉ်းစားပြီး အစီအစဉ်ဆွဲရသည်။

အချိန်ကြာလာသည်နှင့်အမျှရန်ကုန်မြို့သစ်သည် မဟာရန်ကုန်(Greater Yangon)၏ စီးပွားရေးအရ ဦးဆောင်ထားနိုင်သော မြို့ပြ တစ်ခုဖြစ်လာမည်ဖြစ်သည့်အတွက်နောင်လာမည့်နှစ်များတွင်

တိုးတက်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စီစဉ်သွားရန် လိုအပ်ကြောင်း NYDC CEO မှ ပြောကြားသည်။

ရန်ကုန်မြို့သစ်အဆင့်(၁) ဖွံ့ဖြိုးတည်ဆောက်ရေးတွင် အလုပ်အကိုင်အခွင့်အလမ်းအသစ်ဖော်ထုတ်နိုင်ရေးဆိုသည့်ရည်မှန်းချက်နှင့်အညီ စက်မှုဇုန်ဧရိယာအားဦးစားပေးတည်ဆောက်မည်ဖြစ်သည်။

ထို့ကြောင့်စက်မှုဇုန်ဧရိယာတွင်လိုအပ်မည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများတည်ဆောက်ရေးကို အလေးထားဆောင်ရွက်မည်ဖြစ် ပြီး မိုးမျှော်တိုက်များနှင့် တန်ဖိုးမြင့်အိမ်ရာများသည် အနာဂတ်တွင် ပေါ်ထွက်ကောင်းပေါ်ထွက်လာမည်ဖြစ်သော်လည်း

လက်ရှိတွင် ဦးစားပေးတည်ဆောက်ရမည့် အရာများမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ်၏ အဆင့်(၁) တည်ဆောက်မှုမှာ ချက်ချင်းလုပ်ရန်မလိုအပ်သည့် နေရာများတွင် ငွေမသုံးရေးသည်လည်း လက်ရှိလုပ်ကိုင်နေသည့်စီမံကိန်းတွင်ထည့်သွင်းစဉ်းစားထားသည့်အရေးကြီးသော

အခြေခံအကြောင်းအရင်းတစ်ခုပင်၊ဥပမာအားဖြင့် လက်ရှိအချိန်တွင် လိုအပ်သည့် လေးလမ်းသွားလမ်းမကြီးကို တည်ဆောက်သွားမည်ဖြစ်ပေမဲ့နောင်တွင် ခြောက်လမ်းသွားအထိ တိုးချဲ့နိုင်အောင်

စီမံရေးဆွဲ ပြီးဖော်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့သစ်၏ ၁ဝ%ခန့်အကျယ်ရှိသော ဧရိယာဖြစ်သည့် အပိုင်း(၁) အားအဓိကထားဖော်ထုတ်သွားမည်ဖြစ်သည်။

လိုအပ်သည့် အခြေခံအဆောက်အအုံများ ရေရှည်စီမံလုပ်ကိုင်နိုင်အောင် ဖော်ထုတ်ရေးသည် NYDC ၏ အဓိက အရေးကြီးဆုံးတာဝန် ဖြစ်သည်။

လျှပ်စစ်မီး၊သောက်သုံးရေ၊ရေဆိုးသန့်စင်ရေး၊လမ်းမများ၊အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး၊ကုန်ပစ္စည်းများ၊သယ်ယူပို့ဆောင်ရေး၊တံတားများနှင့် ရေလမ်းကြောင်း၊ဆက်သွယ်ရေးကွန်ရက်များနှင့်အများပြည်သူများအတွက်

ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဆေးရုံများ၊ ကျောင်းများ၊ပန်းခြံများ၊အစရှိသည်တို့ကို ဦးစားပေးတည်ဆောက်သွားမည်ဖြစ်သည်။

ထိုတည်ဆောက်ရေးကဏ္ဍသည် မတူညီသော ရင်းနှီးမြှုပ်နှံသူများက တစ်ပြိုင်တည်း ပူးပေါင်း၍ ဆောက်လုပ်သွားမည်ဖြစ်သည့်အတွက် ထိရောက်စွာကွပ်ကဲနိုင်ရန် အရေးကြီးသည်ဟု NYDC CEO မှ ပြောကြားခဲ့သည်၊

Local Mixed Use and Urban Read 47 times