တောင်စောင်းပေါ်မှ ၈ ခန်းပါ ကွန်ဒိုမီနီယံ


10 November, 2021

တစ်မူထူးခြားသည့် ဓာတ်လှေကားအစောင်းကြောင့် ပြောစမှတ်တွင်သည့် ကွန်ဒို ဖြစ်သည်။
ထိုသို့သော ကွန်ဒိုမျိုး အာရှတွင် သုံးခု ရှိသည်။ တစ်ကမ္ဘာလုံးတွင် ၁၀ ခုရှိသည်။ 


မြေကွက်တစ်ခုလုံး ရောင်းချဖို့ နေထိုင်ကြသူတို့က သဘောတူထားကြသဖြင့် နောက်နှစ်တွင် ကွန်ဒိုကို ဖြိုဖျက်ပစ်တော့မည် ဖြစ်သည်။

သက်တမ်း ၃၆ နှစ် ရှိပြီဖြစ်သော အဆိုပါ   ကွန်ဒိုမီနီယံ အမည်မှာ Palisades ဖြစ်ပြီး စင်ကာပူနိုင်ငံ Pasir Panjang လမ်းတွင် တည်ရှိသည်။

၁၉၈၅ တွင် တည်ဆောက်ပြီးစီးသည်။ ကွန်ဒိုတိုက်ခန်း ၈ ခန်းသာ ပါဝင်သည်။ တပ်ဆင်ပေးထားသည့် ဓာတ်လှေကားသည် ထောင်လိုက် အတက်အဆင်း မပြုချေ။ ၂၂ ဒီဂရီ စောင်းထားသည်။ အခန်းအားလုံးအတွက် ဓာတ်လှေကား တစ်စီးသာ ရှိသည်။ ပျက်နေစဉ်နှင့် ပြုပြင်ထိန်းသိမ်းရေး ပြုနေစဉ် ကွန်ဒိုတွင် နေထိုင်ကြသူတို့သည် ရှည်လျားသော လှေကားဖြင့် ခြေလျင် အတက်အဆင်း ပြုကြရသည်။

 

တိုက်ခန်း
PropertyGuru တွင် ကွန်ဒိုတစ်ခန်း ရောင်းဖို့ တင်ထားသည်။ ဧရိယာ ၃,၂၉၄ စတုရန်းပေ ရှိပြီး စင်ကာပူဒေါ်လာ ၃.၃ သန်း ဈေးခေါ်ထားသည်။
လူနေကြဲသော နေရာဖြစ်ပြီး ပင်လယ်ပြင်ရှုခင်းကို မြင်ရသော ဧည့်ခန်း ပါသည်။ မီးဖိုချောင်မှ အပြင်သို့ ထွက်လိုက်လျှင် မြေကွက်လပ်တစ်ခုသို့ ရောက်သည်။ လုံးချင်းအိမ် အရသာကို ပေးသည်။  အိပ်ခန်း လေးခန်း ပါသည်။

ဓာတ်လှေကား
ကားရပ်ရန်နေရာတွင် ဓာတ်လှေကား အဝင်အထွက်ပေါက် ရှိသည်။ အခြားဓာတ်လှေကား အဝင်အထွက် တံခါးပေါက်နှင့် အတူတူပင် ဖြစ်သည်။


ဓာတ်လှေကားထဲသို့ ဝင်လိုက်မှ အခြားဓာတ်လှေကားများနှင့် မတူကြောင်း ရိပ်မိမည်။

ဓာတ်လှေကား ပြေလမ်း အစောင်းကို မှန်နံရံမှတစ်ဆင့် မြင်နေရသည်။
ဓာတ်လှေကားက အရွေ့နှေးသည်။ သို့သော် စထွက်လိုက်စဉ် မတ်တပ်စီးနေသူ တစ်ချက် ယိုင်သည်။ ထက်အောင်အရွေ့အစား ဘေးတိုက်အရွေ့ကြောင့် ဖြစ်သည်။ 

တိုက်ခန်းများက ဝဲနှင့်ယာတွင် ရှိနေသည်။ ဓာတ်လှေကား၏ ဝဲနှင့်ယာ နှစ်ဘက်စလုံးမှာ အဝင်အထွက်ပြုဖို့ တံခါးပေါက် ပါသည်။
အထပ်၏ ဝင်ပေါက်ဝ တည်တည့်တွင် ရပ်ပေးသည်။ ဓာတ်လှေကားအတွက် အခန်းတစ်ခု သီးသန့် အထပ်တိုင်းတွင် ရှိသည်။

တောင်စောင်း
စင်ကာပူ ရေလက်ကြား ပင်လယ်ပြင်ကို မျက်နှာမူထားသော တောင်ကုန်းတစ်ခုပေါ်တွင် ကွန်ဒိုမီနီယံကို ဒီဇိုင်းထုတ်ထားသည်။ တိုက်ခန်း ၁၈ ခုကို ၂ခုစီ တွဲပေးထားပြီး ရင်ကြားစေ့သည့်နေရာတွင် ဓာတ်လှေကားကို အစောင်းလိုက် အထိုင်ချပေးထားသည်။ သို့ဖြစ်ရာ ဓာတ်လှေကားသည် ထောင်လိုက်အတက်အဆင်း မပြု။ ၂၂ ဒီဂရီစောင်းထားသော ပြေးလမ်းပေါ်မှာ ထောင်လိုက် မတ်မတ်အနေအထားဖြင့် ရွေ့လျားသည်။

ကားပတ်ကင်
ကားပတ်ကင်ကို ဝင်ရသည်မှာလည်း ကဗျာဆန်သည်။ ခရုတ်ပတ်လမ်းဖြင့် အတက်အဆင်း မောင်းရသည်။ 


 

 

 

Architecture Tips Read 549 times