ပခုက္ကူမြို့ကားကြီးကွင်းသစ်ကို မြေ ၂၂ဒဿမ၉၈ ဧကပေါ်တွင်တည်ဆောက်မည်


28 December, 2019

ပခုက္ကူမြို့ကားကြီးကွင်းသစ်ကို ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် ရေစကြိုလမ်းဆုံအနီး မြေဧရိယာ ၂၂ ဒသမ ၉၈ ဧကပေါ်တွင်

တည်ဆောက်သွားမည်ဖြစ်သည်။

မြေ ၁၀ ဧကပေါ်တွင် အဆင့်မီ နှစ်ထပ်အဆောက်အအုံ ကားဂိတ်များအတွက် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး ကျန်မြေပေါ်တွင် တင်ဒါအောင်ကုမ္ပဏီက   ရှော့ပင်းမော၊ ဟိုတယ်၊ ဈေးဆိုင်များ၊ ဓာတ်ဆီဆိုင်များ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း Mindhama ကုမ္ပဏီမှ ဒါရိုက်တာ ဦးချိုဦးက ပြောသည်။


ပခုက္ကူမြို့ကားကြီးကွင်းအသစ်ကို စီမံချက်ကာလတစ်နှစ်ခွဲနှင့် အခြားဖွံ့ဖြိုးရေးဇုန်ကို တစ်နှစ်ခွဲ စုစုပေါင်း စီမံချက်ကာလ သုံးနှစ်လျာထားဆောင်ရွက်သွားမည်ဖြစ်သည်။

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းတွင် လက်ရှိအသုံးပြုနေသည့် အဝေးပြေးကားကွင်းတည်ရှိပြီး လူဦးရေတိုးတက်လာမှု၊ ယာဉ်ကြောကြပ်တည်းလာမှု၊ ကုန်တင်ကားကြီးများ မြို့တွင်းသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်နိုင်မှုတို့ကြောင့် အဆင့်မီကားကြီးကွင်းအသစ် အကောင် အထည်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ကားကြီးကွင်း အသစ်တည်ဆောက်ရေးလုပ်ငန်းကို တင်ဒါအောင်မြင်သည့် Mindhama Construction Co.ltd ကတာဝန်ယူဆောက်လုပ်သွားမည်ဖြစ်သည်။

Region Read 190 times