ဂျပန်ကန်ထရိုက်တာများ ပြည်ပ ဆောက်လုပ်ရေးပရောဂျက်များ ကပ်ရောဂါအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိ


09 August, 2023

ဂျပန်ကန်ထရိုက်တာများ ပြည်ပ ဆောက်လုပ်ရေးပရောဂျက်များ ကပ်ရောဂါအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဂျပန် အထွေထွေ ကန်ထရိုက်တာများက ဆောင်ရွက်သော ပြည်ပ ဆောက်လုပ်ရေး ပရောဂျက်များ အခြေအနေ ပြန်ကောင်းလာပြီ ဖြစ်သည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင်ရရှိခဲ့သော စုစုပေါင်း ကန်ထရိုက်များသည် ကိုဗစ် ကူးစက်ရောဂါကာလအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စီးပွားရေး ကြီးထွားမှု ဆက်ရှိနေသည့် အာရှနိုင်ငံများမှ စီမံကိန်းများက ဂျပန်ပြည်ပကန်ထရိုက် လုပ်ငန်းများ အခြေအနေ ပြန်ကောင်းလာအောင်  ပံ့ပိုးပေးခဲ့သည်။

သို့သော် ဂျပန်အစိုးရ၏ Official development assistance ODA ဖွံ့ဖြိုးရေး အကူအညီများ ဆက်လက်လျော့ကျနေသည်။ ထို့ပြင် ထွန်းသစ်စနိုင်ငံများတွင် စီးပွားရေးအရ နစ်နာဆုံးရှုံးနိုင်မည့် အန္တရာယ်များကို အကဲဖြတ်ရန် ပိုအရေးကြီးလာသည်။

 


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Davao ရှိ ဥမင်လိုဏ်ခေါင်းတူးဖော်သည့်နေရာ၌ လတ်တလောတွင် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နေသည်။
ဂျပန် ODA ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှောင်ကွင်းလမ်းနှင့်အတူ ဥမင်လိုဏ်ခေါင်းကို တည်ဆောက်လျက်ရှိသည်။
အဆိုပါ အစီအစဉ်သည် အသွား အပြန် လမ်းကြောင်းနှစ်ခု သွားလာနိုင်ရန် ၂ ကီလိုမီတာရှည်သော ဥမင်လိုဏ်ခေါင်းနှစ်ခု ဖောက်လုပ်ရန် ဖြစ်သည်။

“ပြီးသွားရင်တော့ ဒီဟာတွေက ဖိလစ်ပိုင်မှာ ပထမဆုံး တောင်‌ေဖာက် ဥမင်လိုဏ်ခေါင်းလမ်းဖြစ်လာမှာပါ” ဟု လုပ်ငန်းမှ လက်ထောက် ကြီးကြပ်ရေးမှူး Shimizu က ပြောကြားသည်။

“အလုပ်အရည်အသွေးကို အာရုံစိုက်ပြီး မတော်တဆထိခိုက်မှုမဖြစ်ရအောင် ဂျပန်နိုင်ငံကသာ တတ်နိုင်တဲ့ ဆောက်လုပ်ရေးမျိုး ဖြစ်စေဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားပါတယ်” ဟု ၎င်းက ပြောကြားသည်။


အထွေထွေကန်ထရိုက်တာများနှင့် အခြားဆက်နွှယ်လုပ်ငန်းများပါ၀င်သည့် Overseas Construction Association of Japan, Inc. ၏ အစီရင်ခံစာအရ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ စုစုပေါင်း ယန်း ၂.၀၄၈၅ ထရီလီယံ ရရှိခဲ့သည်။

၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ ယန်း ၁.၇၈၈ ထရီလီယံ ရရှိခဲ့သည်ထက် များစွာကျော်လွန်သွားပါသည်။

ကိုဗစ်ကာလ ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ ယန်း ၁.၁၁၄၂ ထရီလီယံမျှသာ ရရှိခဲ့သည်။
ယခုအခါ ကိုဗစ် ကူးစက်ရောဂါကာလအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
 

ဒေသအလိုက် ကြည့်လျှင် အာရှသည် စုစုပေါင်း၏ ၅၄.၉% ရှိပြီး ယန်း ၁.၁၂၄၄ ထရီလီယံ ရှိသည်။

နိုင်ငံအလိုက်ကြည့်လျှင် အမေရိကန်တွင် အများဆုံးဖြစ်ပြီး စင်ကာပူသည် ဒုတိယအများဆုံး၊ အင်ဒိုနီးရှားသည် တတိယအများဆုံး ဖြစ်ပါသည်။
စတုတ္ထအများဆုံးမှာ ဖိလစ်ပိုင် ဖြစ်ပြီး ပဉ္စမ အများဆုံးမှာ ထိုင်း ဖြစ်ပါသည်။ 

အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအလိုက် ကြည့်လျှင် ပုဂ္ဂလိကကဏ္ဍသည် ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ စုစုပေါင်း ယန်း ၁.၃၄၃၃ ရရှိပါသည်။

အာရှတိုက်ရှိ ထွန်းသစ်စစီးပွားရေးနိုင်ငံများသည် ထူးထူးခြားခြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်နေရသည်။ စီးပွားဖြစ် အထပ်မြင့် အဆောက်အဦးများကို တစ်လုံးပြီးတစ်လုံး ဆောက်လုပ်လျက်ရှိသည်။

ထွန်းသစ်စနိုင်ငံများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။

မြို့ပြများတွင် မိုးပျံလမ်းများနှင့် မြေအောက်ရထားများ ဆောက်လုပ်နေကြသည့်အပြင်  ကျေးလက်ဒေသများတွင် လမ်းများ ဖောက်လုပ်သည်။ ဆိပ်ကမ်းများလည်း ဆောက်လုပ်ကြသည်။ ယင်းတိူ့အနက် စီမံကိန်း အများအပြားကို ဂျပန်နိုင်ငံ၏ ODA ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသည့် စီမံကိန်းများ ပြန်စနေပြီ ဖြစ်သည်။

 
ပြည်ပစီမံကိန်းများတွင် စိန်ခေါ်မှုများ အများကြီး ရှိနေသည်။ 
 နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ ဂျပန်၏ ODA ဘတ်ဂျက်သည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ယန်း ၅၇၀,၉  ဘီလီယံမျှသာ ရှိသည်။
အများဆုံး ဖြစ်ခဲ့သော ၁၉၉၇ ဘဏ္ဍာနှစ် ဘတ်ဂျက် ၁.၁၆၈၇ ထရီလျံ၏ ထက်ဝက်ခန့်သာ ရှိသည်။ သို့ဖြစ်ရာ ODA စီမံကိန်းများ လျော့ကျနေသည်။

အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် တရုတ်ကုမ္ပဏီများ ပါဝင်မှု တိုးမြင့်လာသဖြင့် ပြိုင်ဆိုင်မှုများလည်း ပြင်းထန်လာသည်။

ထွန်းသစ်စနိုင်ငံများတွင် ဘေးအန္တရာယ်များနှင့် ပတ်သက်၍လည်း သတိပြုရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စီမံကိန်းအချို့ကို ယာယီရပ်ဆိုင်းခဲ့ရသည်။

Source japannews
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 429 times