မြန်မာပြည်မှာ မွေးဖွားခဲ့တဲ့ ဝူဟန်ရောက် ကမ္ဘာ့အကြီးမားဆုံး ခြင်္သေ့ရုပ်တု


14 September, 2021

 ဗိသုကာ ပညာရှင်  Dengding Rui Yao ဦးစီးပြီး ထုဆစ်ခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး ခြင်္သေ့ရုပ်တုဟာ မြန်မာနိုင်ငံမှ ရက်ဒ်ဝုဒ်သစ်ပင်ကြီးရဲ့ ပင်စည်တစ်ခုတည်းကို ခြင်္သေ့ရုပ်တု ဖြစ်လာအောင် ထုဆစ်ထားတာ ဖြစ်ပါတယ်။ 
 ဗိသုကာ ပညာရှင်  Dengding Rui Yao ဦးစီးတဲ့ ပန်းပုထုသမားအဖွဲ့မှာ လူအင်အား ၂၀ ဦး ပါဝင်ပြီး ခြင်္သေ့ရုပ် ပြီးစီးဖို့ သုံးနှစ်တိုင်တိုင် ထုဆစ်ခဲ့ကြတယ်။ ပြီးပြီးချင်းမှာပဲ တရုတ်နိုင်ငံသို့ ခြင်္သေ့ရုပ်တုကြီးကို တင်ပို့ခဲ့ပါတယ်။ 
 ဗိသုကာ ပညာရှင်  Dengding Rui Yao က နောက်ထပ် ခြင်္သေ့ရုပ်တုတစ်ခုကို ထုဆစ်နေတယ်လို့ သတင်းအမှားလည်း ထွက်ပေါ်ခဲ့ပါတယ်။ 


တိုက်တာအဆောက်အဦရှေ့ မျက်နှာစာမှာ ရုပ်တုတွေကို အဆောင်အယောင်အဖြစ်လည်းကောင်း၊ အဆင်းတန်ဆာအဖြစ်လည်းကောင်း၊ အစီအရင်အဖြစ်လည်းကောင်း အစောင့်အရှောက်အဖြစ်လည်းကောင်း ထားရှိကြပါတယ်။ အဲဒီအတွက် အဆောက်အဦကို ဗိသုကာ ပုံစံထုတ်စဉ်ကတည်းက ထည့်သွင်းစဉ်းစားပြီး ထားရှိမယ့် ရုပ်တု အမျိုးအစား၊ အရွယ်အစား၊ ထားရှိမယ့်နေရာ အစရှိတဲ့အချက်အလက်တွေကို သတ်မှတ်ပေးထားကြတာဟာ ဗိသုကာပညာရပ်မှာ အရေးပါတဲ့ ပညာခန်းတစ်ခု ဖြစ်ပါတယ်။ အရှေ့တိုင်းမှာရော  အနောက်တိုင်းမှာပါ မျက်နှာစာမှာ ဘယ်လိုလုပ်မလဲဆိုတာ အရေးပါတဲ့ကိစ္စတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားကြပါတယ်။ 

တရုတ်နိုင်ငံမှာတော့ ကုမ္ပဏီရုံး တည်ရှိရာ အဆောက်အဉီ မျက်နှာစာမှာ ခြင်္သေ့ရုပ်တု ထားလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာ အစဉ်အလာအရ ခြင်္သေ့ကို ဝင်ပေါက်ဝ တစ်ဖက်တစ်ချက်မှာ ထားရှိတဲ့ ဓလေ့ကို ခံယူကျင့်သုံးထားတာ ဖြစ်ပါတယ်။ 

 

 

 

 

ယခု တင်ပြနေတဲ့ သစ်သားထည် ခြင်္သေ့ရုပ်တုကြီးကို မြို့အလယ်ပိုင်း ဗဟိုချက်မှာ ထားရှိဖို့အတွက် ထုဆစ်ခဲ့တာ ဖြစ်လို့ မြို့အရွယ်အစားနဲ့တန်တဲ့ အရွယ်အစား ကြီးကြီး ဖြစ်ဖို့ လိုပါတယ်။ တောတွင်းဘုရင် နန်းဆန်ခြင်း၊ သတ္တိနဲ့ ခွန်အားတို့ကို ဖော်ကျူးတဲ့ ခြင်္သေ့ရုပ်တုကို ရက်ဒ်ဝုဒ်ပင်ရဲ့ ပင်စည်တစ်ခုတည်းဖြင့် ထုဆစ်ပေးဖို့ ဗိသုကာ ပညာရှင်  Dengding Rui Yao အလုပ်လက်ခံရရှိခဲ့တယ်။ ကြီးကြီးမားမား ရှည်ရှည်လျားလျား ပင်စည်ရနိုင်တဲ့ မြန်မာနိုင်ငံသို့ သူလာရောက်ပြီး လိုချင်တဲ့ ပင်စည်ကို ရှာဖွေခဲ့တယ်။ 
ပင်စည်ကြီးကို ရရှိတဲ့အခါ လူ ၂၀ ပါတဲ့ အဖွဲ့ကို ဖွဲ့ပြီး ထုဆစ်ခဲ့တယ်။ အရွယ်အစား ကြီးမားလွန်းနေတာက တစ်ကြောင်း၊ အသေးစိတ် အနုစိတ် ထုဆစ်ရတဲ့အတွက်ကြောင့် တစ်ကြောင်း သုံးနှစ်တိုင်တိုင် အချိန်သုံးစွဲပြီး မဟာခြင်္သ့ရုပ်တုကို အပြီးတိုင် ထုဆစ်ခဲ့တယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။ ဒေါမာန်ပါတဲ့ခြင်္သေ့ရုပ်တုကြီး ပြီးစီးသွားတဲ့အခါ ‘Oriental Lion’ လို့ အမည်ပေးလိုက်ကြတယ်။ Oriental Lion ဟာ ကမ္ဘာ့အကြီးဆုံး ခြင်္သေ့ရုပ်တုအဖြစ် မှတ်တမ်းတင်ခံရတဲ့အပြင် တစ်ခုတည်းသော ပင်စည်ဖြင့်သာ ထုဆစ်ထားပြီး ဆက်ရာစပ်ရာ ဘာတစ်မှ မပါတဲ့ ကမ္ဘာ့အကြီးဆုံး ခြင်္သေ့ရုပ်တုအဖြစ်ဖြင့် Guinness Book of World Records မှတ်တမ်းဝင်ပါတယ်။ သစ်သားအပိုင်းအစ တစ်ခုတည်းဖြင့် ထုဆစ်ထားတဲ့ ရုပ်တုအနေဖြင့်လည်း အကြီးမားဆုံး ရုပ်တု ဖြစ်ပါတယ်။

ခြင်္သေ့ကြီး Oriental Lion က မြန်မာပြည်မှာ ကြာကြာ မနေလိုက်ရဘူ။ မွေးဖွားရာဇာတိမှ တရုတ်ပြည်သို့ ချက်ချင်း သယ်ဆောင်သွားတယ်။

 

 

 

 

 

ကိုဗစ် စတင်ဖြစ်ပွားခဲ့ရာ Hubei ပြည်နယ်ရဲ့ မြို့တော် Wuhan သို့ သယ်ယူခဲ့ကြတယ်။ ဝူဟန်မြို့တော်ရဲ့ ဗဟိုချက်မျာ တည်ရှိတဲ့ Fortune Plaza Times Square အလယ်နေရာမှာ ခြင်္သေ့ကြီး Oriental Lion စံမြန်းလျက် ရှိပါတယ်။ 

 

 

 

 

ခြင်္သေ့ကြီး Oriental Lion ရဲ့ အလျားက ၄၇.၅ ပေ ရှိပြီး အမြင့်က ၁၆.၅ ပေ ရှိပါတယ်။ အကျယ်က ၁၃ ပေ ရှိပါတယ်။ 
 

Tips Read 6188 times