Orchid ဟိုတယ်အား ယခုနှစ်ကုန်တွင် ပိတ်သိမ်းမည်


04 December, 2020

Orchid ဟိုတယ်အား ယခုနှစ်ကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပိုင်ရှင် ဦးဌေးအောင်မှ ပြောကြားသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ၎င်းလုပ်ကိုင်နေသည့် ဟိုတယ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းငှားရမ်းလုပ်ကိုင်ခဲ့သည့် နန်းမြိုင်ဟိုတယ်ကို ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊လက်ခုပ်ကုန်းဟိုတယ်ကိုလည်း လက်ရှိတွင်ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ကြောင်းနှင့်

ပြန်လည်အပ်နှံမည့်အကြောင်း ဝန်ကြီးဌာန သို့စာပို့ထားကြောင်း Orchid Hotel ကိုလည်း ဒီဇင်ဘာ ၃၁ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဇန်နဝါရီ ၁ရက်နေ့ကစပြီး Orchid Hotel တွင် အခကြေးငွေ ပေးစရာမလိုပါဘူး။ကျွန်တော်အိမ်မှာ တည်းတယ်လို့သဘောထားပြီးလာတည်းနိုင်ပါတယ် ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

နန်းမြိုင်ဟိုတယ်လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင် ရလိုမှုဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းအပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရှိတာဝန်ရှိသူနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တွင် အဂတိလိုက်စားမှုဖြင့်တိုင်ကြားထားကြောင်း အသေးစိတ်ကိုမူ ကော်မရှင် လုပ်ထုံးလုပ်နည်းအရ

မပြောရန်မှာကြားထားသည့်အတွက်မပြောနိုင်သေးကြောင်းဦးဌေးအောင်မှ ပြောကြားခဲ့သည်။

Local Hospitality Read 80 times