နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့်မြေကွက် (၁၅) ခုရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်


18 November, 2020

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်တွင်ရှိသော နိုင်ငံပိုင်မြေနှင့်အဆောက်အအုံ၊တိုက်ခန်းနှင့်မြေကွက်(၁၅)ခုရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရသည်။

ရောင်းချသွားမည့်နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊တိုက်ခန်းနှင့်မြေကွက်များသည် မန္တလေးတိုင်းဒေသကြီးတွင် မြေကွက် (၅)ခု၊ရန်ကုန်တိုင်းဒေသကြီးတွင်

မြေအဆောက်အအုံ(၂)ခု၊တိုက်ခန်း(၁)ခန်းနှင့် ရှမ်းပြည်နယ်ရှိမြေနှင့် အဆောက်အအုံ(၇)ခုရှိပြီး စုစုပေါင်း ၁၅ခုရှိကြောင်းသိရသည်။

ဝယ်လိုသော Lot No တစ်ခုချင်းအလိုက် သီးခြားအဆိုပြုလွှာ တစ်ဆောင်စီ တင်သွင်းရမည်ဖြစ်သည်။

တင်ဒါရောင်းချမည့်ရက်မှာ မတ်လ(၅)ရက်နေ့အထိဖြစ်ပြီး စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ရုံးအမှတ်(၃)နေပြည်တော်ဖြစ်သည်။

P.O Cheque တင်ပြရမည့်ရက်မှာ မတ်လ(၆)ရက်နေ့မှ (၈)ရက်နေ့အထိဖြစ်သည်။တင်ဒါတင်သွင်းရမည့်ရက်မှာ မတ်လ(၉)ရက်နေ့ဖြစ်ပြီး Lot No(၁)မှ (၁၅)အထိ နံနက်(၁ဝ:ဝဝ) နာရီမှ စ၍ အစဉ်လိုက်လက်ခံသွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက (ဖုန်း-ဝ၆၇-၄ဝ၆၃၃၉/၄ဝ၆၁၈၅)တို့အား ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်ဖြစ်ကြောင်းသိရသည်။

Office Read 125 times