မြို့နယ် (၁၁)မြို့နယ်တွင် Toll Gate တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်


23 November, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနတင်ဒါကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေအဖွဲ့ ကွပ်ကဲမှုအောက်ရှိ

သန်လျင်၊တိုက်ကြီး၊မှော်ဘီ၊လှည်းကူး၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊တွံတေး၊ကွမ်းခြံကုန်း၊ကော့မှူး၊ထန်းတပင် မြို့နယ်( ၁၁) မြို့နယ်တွင် မြို့ဝင်ကြေး Toll Gate တည်ဆောက်ခြင်းနှင့် ကောက်ခံခြင်းလုပ်ငန်းများကို

B.O.T စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားများပိုင် ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်မှာ (၉.၄.၂ဝ၁၈) ဖြစ်ပြီး တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ (၇.၅.၂ဝ၁၈)နံနက် ၉နာရီဖြစ်သည်။

တင်ဒါများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ဖောက်စစ်ဆေးမည့်ရက်မှာ (၇.၅.၂ဝ၁၈) မနက် ၁ဝနာရီတွင်ဖြစ်သည်။

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းအား အောက်ပါ အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်၍ သိရှိလိုသော အချက်များကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး၊

အင်ဂျင်နီယာဌာန၊ဖုန်းနံပါတ်-(ဝ၉၉၅၃၁၂၉၆၆ဝ၊ဝ၉၉၇၆၆၈ဝ၄၇၉၊ဝ၉၂ဝ၄၂၇၅၉ )တို့ဖြစ်သည်။

Housing Read 185 times