သစ်စီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ်တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂ဝရာခိုင်နှုန်းသာ ပေးမည်


16 November, 2020

ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းအတွက် သိမ်းယူမည့်လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ်တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂ဝရာခိုင်နှုန်းသာ ပေးမည်ဖြစ်ပြီး

အခြားသီးနှံလျော်ကြေး၊အဆောက်အအုံလျော်ကြေးစသည်တို့အပါအဝင်မည်သည့်လျော်ကြေးကိုမျှပေးမည်မဟုတ်ကြောင်း တွံတေးမြို့နယ်တမာတကောဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် မြို့သစ်စီမံကိန်းအတွက်ဒေသခံများနှင့် ဌာနဆိုင်ရာလူကြီးများတွေ့ဆုံပွဲမှ သိရသည်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ရှိ လယ်မြေဧက သုံးသောင်းခန့်တွင်စီမံကိန်းအားပြုလုပ်မည်ဖြစ်ပြီးယင်းလယ်မြေများတွင် အချို့မှာ

စပါးများစိုက်ပျိုးထားခြင်း၊နေအိမ်များဆောက်ထားခြင်း၊ငါးကန်များတူးထားခြင်းစသည်တို့ ပြုလုပ်ထားခြင်းများလည်း ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် လယ်မြေလျော်ကြေးအား မြို့မြေ၂ဝရာခိုင်နှုန်းသာပြန်ပေးမည်ဖြစ်ပြီး တခြားသီးနှံလျော်ကြေး၊အဆောက်အအုံလျော်ကြေးဘာမျှမပေးကြောင်းသိရသည်။

ထို့ကြောင့် ဒီလျော်ကြေးအပေါ်သဘောတူညီမှု ရှိ မရှိမှာ ဒေသခံများအနေနှင့် လွတ်လပ်စွာလုပ်ဆောင်နိုင်ကြောင်း သိရသည်။

အဆိုပါ သဘောထားမှတ်ချက်များကို ယခုတစ်ပတ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ယခုတစ်ပတ်အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး မြေယာလျော်ကြေးနှင့် ပတ်သက်၍ သဘောတူညီသူဦးရေများမှ သာစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လယ်တစ်ဧကအား မြို့မြေ၂ဝရာခိုင်နှုန်းပြန်လည်ပေးမည်ဖြစ်သည့်အတွက် ပေ၄ဝ×ပေ၆ဝနှင့်တွက်ကြည့်လျှင် သုံးကွက်လောက်ရမည်ဖြစ်သည်။

ထိုမြေမှာ လက်ရှိတွင် လယ်တစ်ဧကပေါက်စျေးမှာ ကျပ်သိန်း၁၅ဝသာရှိကြောင်း၊သို့သော် စီမံကိန်းကိုသာအမြန်ဆုံးအကောင်အထည်ဖော်စေချင်ကြောင်းကို ခလောက်ချိုက်ကျေးရွာမှ လယ်ကိုးဧကပိုင်ဆိုင်သူတစ်ဦးမှ ပြောကြားကြောင်း သိရသည်။

Source:Pyi Myanmar

Mixed Use and Urban Read 42 times