ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို ဖော်ဆောင်သွားမည်


04 December, 2020

လက်ရှိ ကျဆင်းနေသော ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MCEA) ဥက္ကဋ္ဌ မှ အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်းသိရသည်။

“ကျနော်တို့ အသင်းကို ဝင်ပြီး CV Form ပေးထားရင် အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးနဲ့ ပတ် သက်တဲ့ လုပ်ငန်းတွေ အားလုံးကို ဒီတနေရာတည်းမှာပဲ

One Stop Service Center လုပ်ဆောင်ခြင်းဖြင့် ကျနော်တို့ ဆောက်လုပ်ရေး လောကကြီးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက တနိုင်ငံလုံးကို ကိုယ်စားပြု လုပ်ဆောင်မှာပါ”ဟု သိရသည်။

One Stop Service Center ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးစီးပြီး အသင်းချုပ်၌ ဆောက်လုပ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊

အဆောက်အဦး ပစ္စည်း ရောင်းသူ များ၊ ထုတ်လုပ်သူများ၊ အလုပ်သမား အုပ်စုများ၊ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်သည့် ပန်းရံ ၊ မဆလာကိုင်သည့် အခြေခံ ဆောက်လုပ်ရေး လုပ်သားများနှင့်

သံချည်သံကွေး လုပ်သား အစရှိသဖြင့် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သော အုပ်စုများ ပါဝင် ဖွဲ့စည်းလုပ်ဆောင်ခြင်း ဖြစ်သည်။

“အဲဒီလို အသင်းမှာ ပါတဲ့ ဒီအဖွဲ့အစည်းတွေ အားလုံးကို တနေရာ တစုတည်းမှာ ဆုံဆည်းပြီး ကျဆင်းနေတဲ့ ဆောက် လုပ် ရေး လောကနဲ့ ပတ်သက်ပြီးတော့ အားလုံး စိတ်တူ သဘောတူ နည်းလမ်းရဖို့ အတွက် စီစဉ်တာ ဖြစ်ပါတယ်"

ဆောက်လုပ်ရေး ကဏ္ဍ ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို ဖော်ဆောင်သွားမည်ပန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို

ဖော်ဆောင်သွားမည်ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို ဖော်ဆောင်သွားမည်ဆောက်လုပ်ရေး လုပ်ငန်းများ အရောင်းအဝယ် မကောင်းခြင်း၊

ရောင်းရသည့် အိမ်မြေ တိုက်ခန်းတို့မှ ရရှိသော အမြတ် အစွန်း ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန် (ရောင်းခွန်)နှင့် အိမ်ခြံမြေ တိုက်ခန်းတို့ ဝယ်ယူမှုအပေါ် ကောက်ခံသည့် ဝင် ငွေခွန်တို့ (ဝယ်ခွန်) နှုန်းထား ကြီးမြင့်ခြင်းနှင့်

ဘဏ်ချေးငွေ စနစ်များ ခိုင်မာမှု မရှိသောကြောင့် လုပ်ငန်း အကြီး ၃၀ ရာ ခိုင် နှုန်းနှင့် လုပ်ငန်းအသေး ၆၀ ရာခိုင်နှုန်း ခန့် ရပ်ဆိုင်းသွားကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

အဆိုပါ One Stop Service Center ကို လုပ်ဆောင်ခြင်းအားဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော မြန်မာ အင်ဂျင်နီယာများ နှင့် လုပ်ငန်းခွင်ဝင်ရန် အတွေ့အကြုံမရှိသော အင်ဂျင်နီယာ တက်သစ်စများကို

အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင် ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဥက္ကဋ္ဌ ဦးရှိန်ဝင်းက“ဒီဆောက်လုပ်ရေး လောကကနေ တခြား လုပ်ငန်းတွေကို ပြောင်းပြီးတော့ လုပ်ကိုင်ကြတာ တွေ့ရပါ တယ်။ တချို့ဆိုလည်း နိုင်ငံခြားကို အပြီးအပိုင် ထွက်သွားပြီးမှ လုပ်ကြတာရှိတယ်။

ဒါတွေအားလုံးကို စုစည်းပေးဖို့ လိုပါ တယ်။ ဖားကန့်လို နေရာမျိုးတွေ ကျောက်ရှာတာတို့ကို သွားလုပ်ကိုင်တာ တွေ့ရှိရပါတယ်။ ပြီးတော့ ဈေးဆိုင်တွေ ဖွင့်ပြီး တော့မှလည်း လုပ်ကိုင် စားသောက်နေရတဲ့ အခြေအနေ ဖြစ်ရပါတယ်။

ဆောက်လုပ်ရေး လောကရဲ့ ကျွမ်းကျင် နယ်ပယ် မှာ ရှိတဲ့သူတွေ အားလုံးဟာ တခြားလုပ်ငန်းကို ပြောင်းမယ့် ကိစ္စက ကြာရှည်သွားမယ် ဆိုရင် အလုပ်အကိုင်တွေနဲ့ စက်မှု လုပ်ငန်း တခုလုံး ပြိုကွဲ သွားနိုင်ပါတယ်”ဟု ပြောသည်။

ထိုကြောင့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသော ကျွမ်းကျင် လုပ်သားများ၊ အလုပ်သမားများ ပပျောက် သွား ခြင်း မရှိစေရန် အတွက် MCEA အသင်းချုပ်မှ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်မှ မြို့ပြ အင်ဂျင်နီယာ တဦး ဖြစ်သူ မှ “ကျောင်းပြီးတာနဲ့ ကျမတို့က အလုပ်ရှာရတာ ခက်ပါ တယ်။ ကျောင်းမှာက စာတွေ့ပဲရှိတယ် လက်တွေ့မရှိဘူး။

နောက်ပြီး အလုပ်ရှင်က သင်တန်း လက်မှတ်တွေ အများကြီး တောင်းတယ်။ လုပ်သက် ၄ နှစ်၊ ၅ နှစ်ရှိမှ ခေါ်ချင်တယ်။ ဒါကြောင့် အလုပ်ရဖို့ အခက်အခဲတွေ ရှိပါတယ်။

ကျမတို့ သူငယ် ချင်း တွေထဲက တချို့ဆို အင်ဂျင်နီယာနဲ့ ကျောင်းပြီးပေမယ့် အလုပ်မရလို့ တခြား ဒီဇိုင်နာတို့ ဘာတို့ ပြောင်းလုပ်နေတာ တွေ ရှိတယ်။ အခုလို အလုပ်ရှာပေးမယ်။

လုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပေးမယ်ဆို ကောင်းပါတယ်”ဟု ပြော သည်။

ထို့ပြင် ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် အတွက်လည်း စာတွေ့ထက် လက်တွေ့သင်တန်းများကို အသင်းချုပ် က လုပ်ဆောင်ပေးရန် ရှိကြောင်း သိရသည်။

အသင်းချုပ်မှ ပြုလုပ်သော One Stop Service Center တွင် အလုပ်လျှောက်ထားသူများ အနေနှင့် အသင်းဝင် အဖြစ် ဝင်ရောက်ရမည် ဖြစ်ပြီး

မိမိတို့၏ CV Form များကို MCEA အသင်းချုပ်သို့ ပေးပို့ထားရမည် ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်း ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ကောင်းမွန်လာစေရန် အတွက် အထက်ပါ အချက်များ အပြင် မြို့ပြဆိုင်ရာ ဥပဒေများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊

အခွန်နှင့် ပတ်သက်သော ဥပဒေနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ် များလည်း လိုအပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

Local Mixed Use and Urban Read 63 times