မြန်မာနိုင်ငံနှင့်ဂျပန်၊ဂျာမနီ၊မလေးရှားနိုင်ငံတို့ ပူးပေါင်းဆောက်လုပ်မည့်အိမ်ရာတစ်သန်းစီမံကိန်း


06 December, 2020

 ဆောက်လုပ်ရေးဝန်ကြီးဌာန၏အိမ်ရာတစ်သန်းစီမံကိန်းအတွက် လိုအပ်သည့် အာမခံဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်မြန်မာ၊ဂျပန်၊ဂျာမနီနှင့် မလေးရှားနိုင်ငံတို့သည်မြန်မာ့အာမခံလုပ်ငန်းအစည်းအဝေးခန်းမတွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်းသိရသည်။

          ယင်းသို့ပြုလုပ်ရခြင်းသည် နိုင်ငံတော်အိုးအိမ်သည် အမှန်တကယ်လိုအပ်ကြောင်း၊ထို့ကြောင့်ပြည်သူုများအနေဖြင့် အိုးအိမ်များပိုင်ဆိုင်နိုင်ရန် အတွက် အာမခံလုပ်ငန်းက မဖြစ်မနေဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးမှ ပြောကြားသည်။

"အဓိက နိုင်ငံတော်က ဆောက်လုပ်မည့် အိမ်ရာလုပ်ငန်းများအတွက်ပါ။အိမ်ရာတစ်သန်းဆောက်လုပ်ရန် ၂ဝ၃ဝ အထိရည်ရွယ်ထားသည်။ထိုအတွက် နိုင်ငံပိုင်ဖြစ်သောမြန်မာ့အာမခံလုပ်ငန်းကနေ အိမ်ရာဝယ်ယူချင်သူများအတွက် အာမခံပေါ့။

အိမ်ရာဝယ်ရန် အရစ်ကျနှင့် သွင်းရမည်။သွင်းနေတဲ့အချိန်တွင် အိမ်ထောင်ဦးစီးက ဆုံးပါးသွားလျှင် ဒါမှမဟုတ် ထာဝစဉ် မသန်မစွမ်းဖြစ်သွားမည်ဆိုလျှင် မြန်မာ့အာမခံကုမ္ပဏီက ဆက်ပြီး ငွေသွင်းပေးသွားမည်။အိမ်ရာကတော့ သူတို့ပဲရမှာ ပါ"ဟု ပြောကြားသည်။

          လက်ရှိတွင် ပေးသွင်းရမည့် ပရီမီယံကြေးနှုန်းထား၊ချေးမည့်ပမာဏ၊မည့်သည့်အခြေအနေမျိုးတွင် လျော်ကြေးရမည်စသည့်အချက်အလက်များ အသေးစိတ်ညိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။အိမ်ရာဝယ်ယူသူများအတွက် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် DI Tokyo ကချေးသွေချေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့်ချေးမည်ဖြစ်ကြောင်းသိရသည်။

           မြန်မာနိုင်ငံနှင့် ဂျပန်၊ဂျာမနီ၊မလေးရှားနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာတစ်သန်းစီမံကိန်းအတွက် လိုအပ်သောအာမခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန် သက်ဆိုင်ရာနိုင်ငံကိုယ်စားပြုနိုင်ငံတကာ အာမခံလုပ်ငန်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အိမ်ရာပိုင်ဆိုင်မှုများတွင် များစွာအထောက်အကူပြုကြောင်း သိရသည်။

Mixed Use and Urban Read 42 times