လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တိုက်ခန်းပေါင်း တစ်သိန်းတည်ဆောက်သွားမည်


14 November, 2020

ရန်ကုန်မြို့တော်တွင် အလုပ်လုပ်ရန် အနယ်နယ်အရပ်ရပ်မှ တက်လာသည့် မိသားစုများအတွက် လှိုင်သာယာနှင့် ရွှေပြည်သာတွင် တိုက်ခန်းပေါင်း တစ်သိန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။

တိုက်ခန်းများတည်ဆောက်နိုင်ရေးအတွက် မြေယာအရှုပ်အရှင်းများ၊စီမံကိန်းတွင်ပါဝင်သော လုပ်ငန်းစဉ်များကိုဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး

ဆောက်လုပ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စည်ပင်သာယာဥပဒေကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ဆက်လက်ပြောကြားကြောင်း သိရသည်။

ရွှေပြည်သာ၊လှိုင်သာယာအပြင်ကြည်မြင့်တိုင်တစ်ဖက်ကမ်းတွင်လည်း လိုအပ်နေကြောင်း သိရသည်။

ယင်းတိုက်ခန်းပေါင်း တစ်သိန်းကို ရန်ကုန်တိုင်းအစိုးရအနေနှင့် ကုုမ္ပဏီများစည်ပင်သာယာနှင့်ပူးပေါင်းပြီး ဆောက်လုပ်သွားရန်အကြမ်းဖျင်းလုပ်ငန်းစဉ်များမှာ

ပြီးစီးနေပြီးဖြစ်သည့်အတွက် မကြာမီကာလအတွင်း ကျူးကျော်ပြဿနာအားထိထိရောက်ရောက်ဖြေရှင်းမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယခုချိန်တွင် ရွှေပြည်သာ၊လှိုင်သာယာတွင် ကျုးကျော်ပေါင်း နှစ်သိန်းကျော်ရှိပြီး ယင်းပြဿနာကိုဖြေရှင်းနိုင်မှသာ မြေစျေးလည်း အထိုက်အလျောက်ကျဆင်းမည်ဖြစ်ပြီး

စက်မှုဇုန်များအတွက်လည်း မြေနေရာများရရှိမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

The Voice

Public Housing Read 28 times