ထိုင်းနိုင်ငံ အမြင့်ဆုံး ရုံးခန်းတာဝါ ဖွင့်လှစ်


26 January, 2024

ထိုင်းနိုင်ငံ အမြင့်ဆုံး ရုံးခန်းတာဝါ ဖွင့်လှစ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ရုံးခန်းတာဝါ One City Centre ကို ဘန်ကောက်မြို့တွင် ဖွင့်လှစ်လိုက်သည်။

 

အမြင့် ၂၇၆ မီတာရှိပြီး  ၆၁ ထပ် ရိသည့်  One City Center (OCC) သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ရုံးခန်း မိုးမျှော်တိုက်တာ ဖြစ်ပါသည်။

 

ဂျပန်နိုင်ငံမှ တိုက်တာဖွံ့ဖြိုးရေး လုပ်ငန်း Mitsubishi  Estate နှင့် ထိုင်းနိုင်ငံမှ အထက်တန်းစားအိမ်ရာများ ဖွံ့ဖြိုးရေး လုပ်ငန်း Raimon Land တို့ ပူးပေါင်းပြီး One City Centre စီမံကိန်းကို အကောင်အထည် ဖော်ပါသည်။

ကိုဗစ်ကပ်‌ရောဂါကာလ အိမ်မှ အလုပ်လုပ်ခဲ့ကြရာမှ ကိုဗစ်လွန်ကာလတွင် ရုံးတက် အလုပ်လုပ်ကြသောကြောင့် ကုမ္ပဏီများအနေဖြင့် ရုံးခန်းလိုအပ်လာသည်ကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။

စီမံကိန်းတန်ဖိုးမှာ ဘတ် ၈.၈ ဘီလီယံ ( ကန်ဒေါ်လာ ၂၄၇ သန်း) ဖြစ်ပါသည်။  

 

ကြမ်းခင်းဧရိယာ စုစုပေါင်း ၁၁၆,၀၀၀ စတုရန်းမီတာ ရှိပါသည်။ 

 ယခုနှစ်အတွင်းမှာ စားသောက်ဆိုင်များနှင့် rooftop bar ဖွင့်လှစ်မည့် အစီအစဉ် ရှိပါသည်။

 

ဘန်ကောက်တွင် ရုံးခန်းတိုက်တာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိသည်။ 

ထိုင်းလုပ်ငန်းစုကြီး TCC Group သည် ရုံးခန်းတိုက်တာ အဆောက်အဦ  One Bangkok ကို များမကြာမီ ဖွင့်လှစ်ပါမည်။ စီမံကိန်း တန်ဖိုးမှာ ဘတ် ၁၂၀ ဘီလီယံ ဖြစ်ပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Office and Retail Read 231 times