Master plan ရေးဆွဲပြီးလျှင် ရေးဆွဲထားတဲ့အစီရင်ခံစာကို ပြည်သူတွေထံချပြမည်


06 December, 2020

 ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ Master Plan နှင့် ဒီဇိုင်းရေးဆွဲမှု မကြာမီ ပြီးစီးတော့မည် ဖြစ်သည့်အတွက် ယင်းနှင့် ပတ်သက်သော အစီရင်ခံစာကို အများပြည်သူထံချပြနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

            Master Plan နှင့် ဒီဇိုင်းရေးဆွဲခြင်းအနက် ဒီဇိုင်းရေးဆွဲခြင်းကို စင်ကာပူနိုင်ငံ၊ဂျပန်နိုင်ငံတို့နှင့် ပူပေါင်းရေးဆွဲနေကြောင်း၊ယင်းကဲ့သို့လုပ်ဆောင်ခြင်းများကို ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မြို့ပြစီမံခန့်ခွဲမှုအဖွဲ့၏အနီးကပ်ကြီးကြပ်မှုအောက် တွင် Oriental Consultants Japan Co.,Ltd နှင့် AECOM Singapore တို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ရန်ကုန်မြို့သစ်စီမံကိန်းသည် ပထမဆုံးစီမံကိန်းဖြစ်သောကြောင့် နိုင်ငံနှင့် လူမျိုးအတွက်အကျိုးကျေးဇူးရရှိစေရန် ကြိုးပမ်းဖော်ဆောင်မည်ဖြစ်ကြောင်း၊မြို့သစ်စီမံကိန်း၏ရည်ရွယ်ချက်ျွင် အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်းဖော်ထုတ်ပေးနိုင်ရေး၊ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး၊ဝင်ရောက်လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းများအခြေချနိုင်ရန် အခြေခံအဆောက်အအုံ များတည်ဆောက်ရေးတို့ပါဝင်ကြောင်း သိရသည်။

“Master plan ရေးဆွဲပြီးရင်တော့ ရေးဆွဲထားတဲ့အစီရင်ခံစာကို ပြည်သူတွေထံချပြမယ်။ရန်ကုန်မြို့သစ်စီမံကိန်းကို အဓိက မျှော်မှန်းချက်နှစ်ခုနှင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ကုန်ထုတ်စွမ်းအားကောင်းသည့်မြို့ဖြစ်ရမယ်။နေချင်စဖွယ်ကောင်းသည့် မြို့ဖြစ်လာရန်နှင့် မြို့သစ်အတွင်းလမ်းပန်းဆက်သွယ်ရေးစနစ်တွေကောင်းမွန်ရန်ထည့်သွင်းတည်ဆောက်မှာဖြစ်ပါတယ်။သယ်ယူပို့ဆောင်ရေးမူဝါဒကို ယာဉ်ကြောကျပ်တည်းမှုတွေမဖြစ်အောင်ဆောင်ရွက်မှာဖြစ်ပါတယ်"

ဟုရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်ဒုတိယဥက္ကဋ္ဌ် မှ ပြောကြားခဲ့သည်။

           ရန်ကုန်မြို့သစ်စီမံကိန်းကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ကနဦးအဆင့်တွင် လိုအပ်သောအခြေခံအဆောက်တည်ဆောက်ခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း၊ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဟုခန့်မှန်းထားကြောင်း၊လုပ်ငန်းစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၁ဝ ဘီလီယံ  မ,တည်မည်ဖြစ်ပြီး စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဖော်ဆောင်မည်ဖြစ်ကြောင်း၊စီမံကိန်းအပိုင်း(၁)တွင် မြေဧက ၂ဝဝဝဝကျော်ရှိပြီး စီမံကိန်းအပိုင်း(၂)တွင် ပန်းလှိုင်မြစ်တောင်ဘက်မှ မြစ်ဝအထိပါဝင်ကြောင်း သိရသည်။

Region Mixed Use and Urban Read 87 times