OBOR စီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သောစီးပွားရေး စင်္ကြ ံစီမံကိန်းအား ဆောင်ရွက်ရန် စီစဉ်


22 November, 2020

တရုတ်-မြန်မာ စီးပွားရေးစင်္ကစြီမံကိန်း အတွင်းရှိ အခြေခံအဆောက်အအုံ၊စက်မှုဇုန်များ၊မြို့ပြစီမံကိန်းများ၊စိုက်ပျိုးရေးဇုန်များ စသည်ဖြင့် ကဏ္ဍများ တည်ဆောက်ရာတွင်

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းစီးပွားရေး စင်္ကြ ံစီမံကိန်းသည် OBOR စီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာ နယ်နိမိတ်ကစပြီး ရန်ကုန်အထိ စင်္ကြ ံများ ဆောက်ရန် ရှိသည်။စီးပွားရေးစင်္ကြ ံပြောသည့်အတွက်ကြောင့် လမ်းသက်သက် အခြေခံအဆောက်အအုံသက်သက်မဟုတ်

စင်္ကြ ံနှင့် ဆက်စပ်ပြီး မြို့ပြ ပေါ်လာနိုင်ခြင်းများ ရှိမည်။စက်မှုဇုန်များ ပေါ်လာနိုင်သည်။ကုန်သွယ်မှုနှင့် ဆက်စပ်သည့် Logistics ၊ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ အခြေခံအဆောက်အအုံများပေါ်လာ နိုင်သည်။

နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်သောခရီးသွားကဏ္ဍနှင့် ပတ်သက်ခြင်းများ ရှိလာမည်။ခြုံပြောရလျှင် OBOR ၏ ခေါင်းစဉ်အောက်ထဲ တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံတည်ဆောက်သွားရန်ရှိသည်။

နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်းခြင်းများ အားလုံးပြီးပြတ်သည့် အဆင့်သာ ရှိသေးသည်။နှစ်နိုင်ငံအကြီးအကဲများဆက်လက်ညှိနှိုင်း ပြီးအကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်

ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့အကြား စီးပွားရေးစင်္ကြ ံလမ်းတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(မူကြမ်း)အတွက် အပြီးသတ် ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုစင်္ကြ ံလမ်း၏ အကျိုးဆက်သည် ရထားလမ်းများ၊ကားလမ်းများ ဆိပ်ကမ်းများ ပေါ်လာမည် လုပ်သည့်အပိုင်းတွင်လည်း တရုတ်ချည်း လုပ်ကြချင်းမဟုတ် နိုင်ငံသားများလည်း ပါမည်။

အခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပြီး အာလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 74 times