ဥမင် တောင်-မြောက်စင်္ကြံလမ်းကြောင့် ပြိုကျနိုင်သည့် လေးထပ်တိုက် အစိုးရ ဝယ်ယူ


07 October, 2021

စင်ကာပူတွင် လေးထပ်အဆောက်အဦတစ်ခုကို အစိုးရက ဝယ်ယူခဲ့ပြီး ယခုနှစ်မကုန်ခင်မှာ ဖြိုချရန် စီစဉ်နေသည်။
68-74 Thomson Road တွင် တည်ရှိသော အဆိုပါအဆောက်အဦသည် သက်တမ်း ၅၇ နှစ် ရှိပြီဖြစ်ပြီး လူနေတိုက်ခန်း ၁၂ ခုနှင့် ဆိုင် ၄ ခု ပါဝင်သည်။ 

အဆောက်အဦတွင် နေထိုင်သူများကို ဖေဖော်ဝါရီလတွင် နေရာပြောင်းရွှေ့ခဲ့သည်ဟု  Land Transport Authority (LTA), Building and Construction Authority (BCA) နှင့် Singapore Land Authority (SLA) တို့မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 
တိုက်ခန်းပိုင်ရှင်များကို ဧပြီလ ၁၆ ရက်တွင် ရှိသော ဈေးကွက်ပေါက်ဈေးအရ လျော်ကြေးပေးအပ်မည်ဖြစ်သည်။ ထိုရက်သည်  Land Acquisition Act နှင့်အညီ မြေကို တရားဝင် ဝယ်ယူသည့်ရက် အဖြစ် သတ်မှတ်သည်။ 

၇၇၆ စတုရန်းမီတာ မြေအကျယ်ပေါ်တွင် တည်ဆောက်ထားသော ဘိုးဘပိုင် အဆောက်အဦသည် Thomson Road မြေအောက်တွင် ဖြတ်သန်းမည့် ဥမင် တောင်-မြောက်စင်္ကြံလမ်းမနှင့် ၆ မီတာ အကွာအဝေးတွင် တည်ရှိသည်။ 

၁ တစ်လိုမီတာ ရှည်လျားသည့် ဥမင်လမ်းပိုင်းကို ၂၀၁၈ ခုနှစ်တွင် ဂျပန်လုပ်ငန်း Penta-Ocean Construction နှင့် ပြင်သစ်လုပ်ငန်း  Bachy Soletanche Singapore တို့အကြား လက်တွဲလုပ်ကိုင်သည့် ဖက်စပ်လုပ်ငန်းက ကန်ထရိုက်ရရှိသည်။ ကန်ထရိုက်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၇၉၅ သန်း ဖြစ်သည်။ 

အစိုးရ ဝယ်ယူလိုက်သည့် လေးထပ်အဆောက်အဦသည် ၁၉၆၄ ခုနှစ်တွင် အုတ်မြစ်ချထားသည်မှာ တိမ်သည်။  ၁၉၉၄ ခုနှစ်တွင် အနီးရှိ အဆောက်အဦ ဖြိုချသဖြင့် ၄ ထပ်အဆောက်အဦ  ပြိုမကျရန် အဆောက်အဦတစ်ပိုင်းကို ပိုင်ရိုက်ပြီး အားဖြည့်ပေးခဲ့သည်။ 

ယခု ၆ မီတာအကွာတွင် မြေအောက်ဥမင်လမ်း ဆောက်လုပ်မည်ဖြစ်ရာ အဆောက်အဦ ပြိုကျနိုင်ဖွယ် ရှိသဖြင့် အစိုးရမှ ဝယ်ယူလိုက်ပြီး ဖြိုဖျက်ရန် စီစဉ်ခြင်း ဖြစ်သည်။ 
 

 

 

 

 

 

Region Read 383 times