Noble ကွန်ဒိုများ ဥပဒေရေးရာ စိုးရိမ်စရာမရှိဟု ပြောကြား


07 August, 2023

Noble ကွန်ဒိုများ ဥပဒေရေးရာ စိုးရိမ်စရာမရှိဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းစတော့အိပ်ချိန်း စာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း Noble Development က ၎င်း၏ ကွန်ဒို စီမံကိန်း ၂ ခု သည် ဥပဒေရေးရာ စိုးရိမ်စရာ မရှိကြောင်း ပြောကြားသည်။

Noble ၏ ကွန်ဒိုနှစ်ခု ဝင်/ထွက်ပေါက် နှင့် လမ်းမကြီးတို့အကြား မြေဧရိယာတွင် Mass Rapid Transit Authority of Thailand (MRTA) မှ ရထားလမ်းအတွက် သိမ်းခံထားရသော မြေဧရိယာ ပါဝင်နေသည်မှာ ပြဿနာတက်နေသည့်  Ashton Asoke ၏ ဖြစ်စဉ်နှင့် ဆင်ဆင်တူနေသဖြင့် စိုးရမ်မကင်း ဖြစ်နေကြသည်။ 
ဘန်ကောက်မြို့မှ Ashton Asoke ကွန်ဒိုမီနီယံ အကြောင်းစုံကို Builders’ Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 


ဘန်ကောက်မြို့မှ Ashton Asoke ကွန်ဒိုမီနီယံ
https://www.buildersguide.com.mm/article/-ashton-asoke-booklet.html


Noble Development က ရှင်းလင်းတင်ပြခဲ့ရာတွင် ကွန်ဒို နှစ်ခု သုံးစွဲထားသော မြေဧရိယာတွင် အစိုးရ သိမ်းယူခဲ့သည့် မြေဧရိယာအချို့ကို သုံးစွဲထားသော်လည်း Ashton Asoke ကွန်ဒိုကဲ့သို့ ဥပဒေရေးရာ ပြဿနာ ရှိမည်မဟုတ်ကြောင်း၊ ဝင်/ထွက်ပေါက်သည် ယခင် မြေပိုင်ရှင်များထံမှ ဝယ်ယူခဲ့စဉ်မှ စ၍ ယခုအထိ အပြောင်းအလဲ မရှိခဲ့ကြောင်း ပြောကြားသည်။

၎င်းစီမံကိန်း ၂ ခုမှာ Lat Phrao MRT ဘူတာရုံ အနီးရှိ  Nue Noble Ratchada-Lat Phrao နှင့် Thailand Cultural Centre MRT ဘူတာရုံအနီးရှိ  Noble Revolve Ratchada တို့ ဖြစ်ပါသည်။

 

Nue Noble Ratchada-Lat Phrao

 

Noble Revolve Ratchada

 

တွဲဘက်အမှုဆောင်အရာရှိချုပ် Thongchai Busrapan က ကွန်ဒို စီမံကိန်းနှစ်ခု တည်ရှိရာ  မြေကွက်နှစ်ခုစလုံးသည် လမ်းမကြီးများပေါ်တွင် တည်ရှိနေခဲ့ပြီး  Mass Rapid Transit Authority of Thailand (MRTA) မှ Blue Line တည်ဆောက်ရန်အတွက်၂၀၀၁ ခုနှစ်တွင် လမ်းမျက်နှာစာအပိုင်းများကို သိမ်းယူသွားခဲ့ခြင်း  ဖြစ်သည်ဟု ဆိုသည်။

“မြေအချို့ကို သိမ်းယူပြီးနောက် ကျန်မြေများမှာ အဓိကလမ်းမကြီးများဆီသို့ ဝင်-ထွက်ပေါက် မရှိတော့ပါဘူး။ ယခင်မြေပိုင်ရှင်များက MRTA ကို အဓိကလမ်းမကြီးများဆီသို့ ဝင်-ထွက်ပေါက် တောင်းခံခဲ့ကြပါတယ်။ အဲဒီနေရာကို သုံးစွဲတာအတွက် အခကြေးကိုလည်း MRTA ကို ပေးပါတယ်။ အဲဒါ ကျွန်တော်တို့ကို မြေကွက်တွေ မရောင်းခင်က ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

ကွန်ဒိုဆောက်လုပ်ခွင့် ပါမစ်လျှောက်ထားသည့်အခါ မူလအခြေအနေအတိုင်း တင်ပြ လျှောက်ထားခဲ့သည်။ 

"ဒီတော့ ကွန်ဒို နှစ်ခုစလုံးမှာ သိမ်းထားတဲ့မြေဧရိယာ ပါပေမဲ့ Ashton Asoke လိုမျိုး မဟုတ်ပါဘူး" ဟု Mr Thongchai က ပြောကြားသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 207 times