စစ်ဘေးဒုက္ခသည်များအတွက် နိပွန်ဖောင်ဒေးရှင်းကဆောက်လုပ်ပေးသော နေအိမ်များ လွှဲပြောင်းပေး


16 November, 2019

ဂျပန်နိုင်ငံ ကူညီရေးအဖွဲ့ နိပွန်ဖောင်ဒေးရှင်း အနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ကျပ် ၅၄ ဘီလီယံထောက်ပံ့လှူဒါန်းထားပြီး ငြိမ်းချမ်းရေးတိုး တက်မှုရှိပါက ပိုမိုပံ့ပိုးမည်ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာ ဆာကာဝါက ပြောသည်။ ကရင်ဒေသ စစ်ရှောင်များ အတွက် ကရင်ပြည်နယ်မြဝတီ မြို့နယ် လေးကေ့ကော်မြို့သစ် တွင် နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ သည့် နေအိမ် ၂၀၀ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၂၇ ရက်က လေးကေ့ကော်မြို့ သစ်၌ ပြုလုပ်ရာ ၎င်းကအထက် ပါအတိုင်း ပြောကြားသည်။

အစိုးရနှင့် KNU တို့အကြား အပစ်အခတ် ရပ်စဲပြီးနောက် KNU အဆိုပြုချက်အရ လေး ကေ့ကော်မြို့သစ်တည်ဆောက်မှု ကို ၂၀၁၅ ကစတင်ဆောင်ရွက်ခဲ့ ရာ လက်ရှိတွင် အဆိုပါမြို့သစ်၌ အိမ်ခြေ ၈၇၀ ကျော်ရှိသည်။ စစ်ဘေးရှောင်များ၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း တွင်နေထိုင်သူ များ၊ KNU တပ်ဖွဲ့မိသားစုဝင်များ နေထိုင်လျက်ရှိသည်။ အိမ်ခြေ ၂၀၀ ကို နိပွန်ဖောင်ဒေးရှင်းက တည် ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၇၅ ကို နယ်စပ်ရေးရာဝန်ကြီးဌာနက တည်ဆောက်ပေးခြင်းဖြစ်ကာ ကျန်အိမ်ခြေ၃၀၀ ကျော်မှာ မိမိအစီအစဉ်ဖြင့်မိမိတည်ဆောက်ခြင်းဖြစ်သည်။ ထို့အပြင် ဖောင်ဒေးရှင်းကအိမ်ခြေ ၁၅၀ ထပ်မံဆောက်လုပ်ပေးနေပြီး၊ ထိုဒေသ နေထိုင်သူများ အလုပ်အကိုင်ရရှိရေးနှင့် ကလေးငယ်များ၏ ပညာရေးအ တွက်ထောက်ပံ့ကူညီနေကြောင်း လည်း ဖောင်ဒေးရှင်းကဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အားလုံးအကြား အပစ်အ ခတ်ရပ်စဲရေး ဖြစ်ပေါ်စေလို ကြောင်း၊ အပစ်ရပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၏ လိုလားချက်၊အဆိုပြု ချက်အပေါ်မူတည်ပြီး အစိုးရနှင့် တပ်မတော်တို့နှင့် သဘောတူညီ ချက် ရယူပံ့ပိုးမည်ဖြစ်ကြောင်း ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုး သားပြန် လည်သင့်မြတ်ရေးဆိုင် ရာ အထူးကိုယ်စားလှယ်လည်း ဖြစ်သူ မစ္စတာဆာဆာကာဝါက ပြောသည်။

‘‘ငြိမ်းချမ်းရေးပိုပြီးတော့မှ တိုးတက်လေ ကျွန်တော်တို့က ပို ပြီးတော့မှ ကူညီပံ့ပိုးမှုပမာဏကို ပိုပြီးတော့မှ တိုးတက်မြင့်သွားမှာ ဖြစ်ပါတယ်’’ ဟု မစ္စတာဆာဆာ ကာဝါက ပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအနေအ ထားကို အမြန်ဆုံးရောက်ရှိစေ ချင်သည်ဟုလည်း ၎င်းကဆို သည်။ ‘‘အဲဒီလိုဆိုလို့ရှိရင် မြန်မာ နိုင်ငံရဲ့ အနာဂတ်တာဝန်ထမ်း ဆောင်မယ့် ကလေးတွေရဲ့အနာ ဂတ်၊ အိပ်မက်ဟာ ဆိုလို့ရှိရင် လည်း ပေါ်ပေါက်လာမှာဖြစ်ပါ တယ်။ အဲဒီလိုအလားအလာ ကောင်းတဲ့ အနာဂတ်၊ အိပ်မက် တွေ ရရှိနိုင်ဖို့အတွက်လည်း ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ် ရပ်ကို ဖန်တီးပေးဖို့လိုအပ်ပါ တယ်’’ ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောသည်။

အဆိုပါနေအိမ်အဆောက် အအုံများ ပေးအပ်လှူဒါန်းပွဲသို့ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ နယ် စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌဗိုလ် မှှူးကြီးစောမူတူးစေးဖိုးနှင့် ငြိမ်း ချမ်းရေးကော်မရှင်တာဝန်ရှိသူ များ တက်ရောက်သည်။ နိပွန်ဖောင်ဒေးရှင်းအနေ ဖြင့် ယခုအကူအညီများအပြင် ကရင်နှင့်မွန်ပြည်နယ်တွင် ဘက် စုံဒေသဖွံ့ဖြိုးရေးစီမံကိန်းကို ထပ် မံအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရ၍ ကြိုဆိုကြောင်း ဗိုလ်ချုပ်ကြီးမြ ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ပကတိလို အပ်ချက်ဖြစ်သည့် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိ ရေး NCA လက်မှတ်ထိုးပြီး ဖြစ်၍ ကရင်ပြည်နယ်သည် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးတစ်ပြိုင်တည်း ရရှိရန် ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

‘‘နိပွန်ဖောင်ဒေးရှင်းအနေနဲ့ ၂၀၁၂ ခုနှစ်က စပြီးမိမိတို့နိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်လာပြီး နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း တွေ့မြင် သိရှိရတဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့ မှတ်တမ်းတင်ဂုဏ် ပြုပါကြောင်း ထပ်လောင်းပြော ကြားလိုပါတယ်’’ ဟု ဗိုလ်ချုပ် ကြီးမြထွန်းဦးက ပြောသည်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်ကလည်း နိပွန်ဖောင်ဒေးရှင်း ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောသည်။

‘‘ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ပြန်လာတဲ့သူတွေကို လက်နှစ်ဖက်နဲ့ကြိုဆိုနေပါတယ် လို့ ပြောလို့မလုံလောက်ပါဘူး။ သူတို့အတွက် ခိုလှုံရာလေးပေးဖို့ ကျွန်မတို့မှာ အခက်အခဲရှိပါ တယ်။ ဒီအခက်အခဲကို ဖြေရှင်း ပေးတာက နိပွန်ဖောင်ဒေးရှင်းက စာနာတဲ့စိတ်ရှိလို့။ ဘာလို့စာနာ တဲ့စိတ်ရှိလဲလို့ ထမင်းစားပွဲမှာ ကျွန်မကမေးတဲ့အခါ သူတို့စစ် ဖြစ်နေတဲ့အချိန်တုန်းက ဒီလိုပဲ ဒုက္ခရောက်ခဲ့တယ်တဲ့။ အဲဒီတော့ ငြိမ်းချမ်းရေးကို အရမ်းလိုလား တယ်တဲ့။ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဟာတွေကိုလည်း ဖြည့်ဆည်းပေးချင်တယ်တဲ့’’ ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြော သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည် နယ်နှင့် ကချင်ပြည်နယ်၌ စစ် ဘေးဒုက္ခကြုံနေရသူများ ရှိနေ သေး၍ နိပွန်ဖောင်ဒေးရှင်းက အ ဆိုပါဒေသများသို့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပါက ကရင်ပြည်နယ် အတွက် ပံ့ပိုးမှုလျော့သွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် မိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ရေး ကြိုးပမ်းရန် လိုအပ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်က ပြောသည်။

Events Read 330 times