မနီလာလေဆိပ် အဆင့်မြှင့်တင်ရန် ဖိလစ်ပိုင် လုပ်ငန်းစုကြီး ခြောက်ခုတို့ ဒေါ်လာ ၄.၈ ဘီလီယံဖြင့် အဆိုပြု


20 June, 2023

မနီလာလေဆိပ် အဆင့်မြှင့်တင်ရန် ဖိလစ်ပိုင် လုပ်ငန်းစုကြီး ခြောက်ခုတို့ ဒေါ်လာ ၄.၈ ဘီလီယံဖြင့် အဆိုပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဖိလစ်ပိုင် လုပ်ငန်းစုကြီး ခြောက်ခုနှင့် အမေရိကန် ရန်ပုံငွေတို့ ပါဝင်သည့် အဖွဲ့က ဇွန်လ ၁၉ ရက်တွင် ပီဆို ၂၆၇ ဘီလီယံ (ကန်ဒေါ်လာ ၄.၈ ဘီလီယံ) ကို ဖိလစ်ပိုင်နိုင်ငံ၏ အဓိကလေဆိပ် Ninoy Aquino International Airport အဆင့်မြှင့်တင်ရန် သုံးစွဲမည်ဖြစ်ပြီး ၎င်းလေဆိပ် လုပ်ကိုင်ခွင့် သက်တမ်း ၂၅ နှစ် ကန်ထရိုက် ပေးအပ်ရန် အဆိုပြုခဲ့သည်။

အဆိုပါအဖွဲ့ Manila International Airport Consortium တွင် ဖိလစ်ပိုင်နိုင်ငံမှ 
• Ayala Corp., 
• Gokongwei Group,
• Alliance Global Group, 
• Aboitiz Group, 
• Lucio Tan Group,
• Filinvest Group နှင့်
• အမေရိကန်နိုင်ငံမှ နယူးယောက် အခြေစိုက် ရန်ပုံငွေ  Global Infrastructure Partners တို့ ပါဝင်သည်။

၎င်းကုမ္ပဏီစုကြီးသည် ဧပြီလတွင် ဖိလစ်ပိုင်အစိုးရထံ ပီဆို ဘီလျံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် အဆိုပြုလွှာ တင်သွင်းခဲ့သည်။
ယခု အစီအစဉ်သစ်တွင် မကြုံစဖူး ပီဆို ၅၇ ဘီလီယံကို အစိုးရထံ ကြိုတင်ပေးချေမှုပြုမည်။ ပီဆို ၂၁၀ ကို လေဆိပ်စွမ်းဆောင်ရည် တိုးမြှင့်ရန် အရင်းအနှီး ကုန်ကျစရိတ်အဖြစ် နှစ်ကာလတစ်ခုအတွင်း သုံးစွဲသွားမည်။
.
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့နှင့် မက်ထရို မနီလာတို့၏ အဓိကလေဆိပ်ဖြစ်ပြီးယခင်က မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သိကြသည့် နနွိုင်း အာကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ် Ninoy Aquino International Airport သည် လတ်တလော နှစ်များအတွင်း ပြုပြင်ထိန်းသိမ်းရေးနှင့် မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။ တစ်နှစ်လျှင် ခရီးသည် ၃၁ သန်းကို ကိုင်တွယ်နိုင်ရန် တည်ဆောက်ထားသော လေဆိပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကိုဗစ်အကြိုကာလတွင် ခရီးသည် ၄၈ သန်း အသုံးပြုခဲ့သည်။ 
၎င်းလေဆိပ်သည် ယခုနှစ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် အဖြစ်များ ကြုံခဲ့ပြီး ခရီးစဉ်များ ‌အချိန်ရွှေ့ဆိုင်းခြင်းနှင့် ဖျက်သိမ်းခြင်းများ ရှိခဲ့သည်။
.
 လေဆိပ် ကိုင်တွယ်ပေးနိုင်သည့် တစ်နှစ်တာ ခရီးသည် ပမာဏကို ၂၀၂၅ ခုနှစ်တွင် ၅၄ သန်း၊  ၂၀၄၈ ခုနှစ်တွင် သန်း ၇၀ အထိ တိုးချဲ့နိုင်သည်ဟု ကုမ္ပဏီစုကြီးက ပြောသည်။
.
ကုမ္ပဏီစုကြီးသည် ယခင်သမ္မတ ရော်ဒရီဂို ဒူတာတေး လက်ထက်တွင်လည်း နနွိုင်း အာကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် အလားတူ  အဆိုပြုချက်ကို တင်ပြခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုများ ပြုသည့်အဆင့်မှာပင် အဆုံးသတ်သွားခဲ့သည်။
 Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Region Read 321 times