ကမ်းလွန်ရေနံလုပ်ကွက်များအတွက်ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းတစ်ခုအား ဧရာဝတီတိုင်းဒေသကြီးငပုတောမြို့နယ်ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စုရှိ M& A OSB
ကုမ္ပဏီပိုင်မြေဧက၃၀ပေါ်တွင်တည်ဆောက်ရန်မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုကော်မရှင်(MIC)မှသဘောတူခွင့်ပြုခဲံကြောင်းသိရသည်။
ယခုလုပ်ငန်းနှင့်ပတ်သက်၍ယင်းနေရာတွင်ရင်းနှီးမြုပ်နှံခွင့်ကာလနှစ်၃၀ရရှိပြီးဖြစ်ကာစီမံကိန်းတစ်ခုလုံး အတွက်ငွေကျပ်ဘီလီယံ၅၀ ခန့်ကိုရင်းနှီးမြုပ်နှံသွားရန်လျာထားကြောင်းသိရသည်။
ကနဦးစီမံကိန်းအချိန်ဇယားအရ၂၀၁၇ခုနှစ်ဇွန်လမှနိုဝင်ဘာလအတွင်းလုပ်ငန်းမြေနေရာကိုရှင်းလင်းပြုပြင်ခြင်းနှင့်ESIAအပါအဝင်Front End Engineeringလုပ်ငန်းဆိုင်ရာအသေးစိတ်အခြေအနေများကို ဆန်းစစ်လေ့လာမှုပြုမည်ဖြစ်ကြောင်း၊၂၀၁၇ခုနှစ်ဒီဇင်ဘာလမှစတင်ကာဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအပိုင်းများအလိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ငန်းစီမံကိန်း၏ ပထမ ၁၀နှစ်ကာလအတွင်းနိုင်ငံတော်ကငွေကျပ် ၂၅ ဘီလီယံကျော်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
၁၉၈၉ခုနှစ်မှစတင်ကာM&Aကမြန်မာနိုင်ငံ၏ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကမ်းလွန်လုပ်ကွက်များ တွင်လာရောက်ဆောင်ရွက်လျက်ရှိသည့်နိုင်ငံတကာရေနံရှာဖွေထုတ်လုပ်ရေးကုမ္ပဏီကြီးများအတွက် Catering & Housekeeping Logistics Support & Procurement,Agency & Representation Manpower Supply,Base Campဆောက်လုပ်ရေး၊လမ်းဖောက်လုပ်ရေးစသည့်လုပ်ငန်းများတွင် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိသည်။
Source:Myanmaralin journal