အဆင့်မြင့်မင်္ဂလာဈေး ဆိုင်ခန်းများ ဇန်နဝါရီလဆန်းတွင် အရောင်းဖွင့်မည်


26 December, 2023

အဆင့်မြင့်မင်္ဂလာဈေး ဆိုင်ခန်းများ ဇန်နဝါရီလဆန်းတွင် အရောင်းဖွင့်မည်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


၂၂.၁၂.၂၀၂၃ တွင် အဆင့်မြင့်မင်္ဂလာဈေးကို တာဝန်ယူတည်ဆောက်နေသော ဆန်းမြတ်ထွန်းကုမ္ပဏီသည် မင်္ဂလာဈေးသစ်အပေါ် အမြန်တက်ရောက်နိုင်ရေး ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသော ဈေးသူဈေးသားများကို ဖိတ်ကြားပြီး ဈေးသစ်တည်ဆောက်မှု နောက်ဆုံးအခြေအနေများ၊ ရှေ့ဆက်တည်ဆောက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၁) ကုမ္ပဏီဖက်မှ ကတိအတိုင်း ဒီဇင်ဘာလကုန်အတွင်း ဈေးသစ်တည်ဆောက်မှု  phase1 ကို အကြမ်းထည်(structure)ကို ပြီးစီးမည်

၂)ယခုအခါ structure ပိုင်း ပြီးစီးပြီဖြစ်၍ အတွင်း decoration အပိုင်းကို ဆက်လက် လုပ်ဆောင်နေသည်

၃)Phase1 ကို ၂၀၂၄ ဧပြီလကုန်အတွင်း စည်ပင်သာယာကို အပ်နှံနိုင်ဖို့ ကြိုးစားတည်ဆောက်နေသည်

၄)ဘေးအကာ နံရံချပ်များကို နိုင်ငံခြားကုမ္ပဏီထံမှ စာချုပ်ဖြင့် ဝယ်ယူထားပြီး ဖြစ်သော်လည်း လက်ရှိသယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင်း အနည်းငယ်နှောင့်နှေးကြန့်ကြာမှု ဖြစ်နေသော်လည်း ၂၀၂၄ ဇန်နဝါရီလ ပထမပတ် သို့မဟုတ် နောက်အကျဆုံး ဒုတိယပတ်အတွင်း ရောက်ရှိလာမည်ဖြစ်သဖြင့် သတ်မှတ်အချိန်ကာလ ပြီးစီးရေးကို မထိခိုက်နိုင်ပါ

၅) ဈေးအတွင်းရှိ အထပ်အလွှာများတွင် ဆိုင်ခန်းဖွဲ့စည်းဖို့ ကုမ္ပဏီဖက်မှ အသင့် ဖြစ်နေပြီဖြစ်ကြောင်း ကုမ္ပဏီဖက်မှ စည်ပင်သာယာကို တင်ပြထားပြီး စည်ပင်သာယာမှ ဆိုင်ခန်းဖွဲ့စည်းရန် ခွင့်ပြုသည်နှင့် ကုမ္ပဏီမှ ဆိုင်ခန်းများကို ဖွဲ့စည်းသွားမည်

၆)ကုမ္ပဏီပိုင် lower ground floor ရှိ ဆိုင်ခန်းများကို လာမည့်ဇန်နဝါရီလဆန်းတွင် တရားဝင် သတ်မှတ်ဈေးဖြင့် အရောင်းဖွင့်မည်


ဆန်းမြတ်ထွန်း ကုမ္ပဏီမှ  ရောင်းချမည့် lower ground floor  ဆိုင်ခန်းဖွဲ့စည်းတည်ဆောက်မှုပုံစံ

 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Local Read 338 times