ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမအဆင့် (၉)နိုင်ငံမှ EOI များ လက်ခံရရှိ


19 December, 2020

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း (၉)နိုင်ငံမှ

စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ(EOI)များ လက်ခံရရှိပါသည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် ပထမအဆင့်အဖြစ် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် လိုအပ်သော အထောက်အကူပြု အခြေခံအဆောက်အဦများကို ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူဆောင်ရွက်နိုင်ရန် Swiss Challenge တင်ဒါကော်မတီကို ဇူလိုင် ၁၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။

အဆိုပါ Swiss Challenge တင်ဒါကော်မတီသည် စီမံကိန်းရင်းနှီးတည်ဆောက်သူကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ဖြင့် အလေးထား ရွေးချယ်နိုင်ရန် နိုင်ငံတကာအကြံပေး ကုမ္ပဏီများအနက် အကြံပေးဝန်ဆောင်သူ (Transaction Advisor) အဖြစ် ဂျာမနီနိုင်ငံအခြေစိုက် Roland Berger နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ် လုပ်ငန်းအပ်နှံခဲ့ပြီး ဖြစ်သည်။

အကြံပေးဝန်‌ဆောင်သူ Roland Berger အနေဖြင့် Swiss Challenge တင်ဒါလုပ်ငန်းစဉ်၏ ပထမအဆင့်အဖြစ် စီမံကိန်းရင်းနှီး တည်ဆောက်ရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest - EOI) များကို နောက်ဆုံးထားတင်သွင်းရန် သတ်မှတ်ထားသည့် အောက်တိုဘာ (၂၂)ရက် မွန်းလွဲ ၃ နာရီတွင် စင်ကာပူ၊ ဂျပန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ် နိုင်ငံအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံရှိ ကုမ္ပဏီ/အကျိုးတူ ပူးပေါင်းအဖွဲ့ (Consortium) ၁၆ ဖွဲ့ထံမှ စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (EOI) များ လက်ခံရရှိခဲ့ရာ မြန်မာနိုင်ငံရှိ ကုမ္ပဏီ(၂)ခုနှင့် အကျိုးတူ ပူးပေါင်းအဖွဲ့ (Consortium)(၂)ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

Real Estate & Properties Read 103 times