ပုံစံအသစ်နဲ့ ရန်ကုန်ညဈေးသစ်


12 December, 2019

၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ငွေကျပ် ၁ ဒသမ ၈ ဘီလျံ အကုန်အကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးက ဆိုင်ခန်းအနေအထား၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကားပါကင်နေရာအခက်အခဲတွေကြောင့် မျှော်လင့်သလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။

 အဆိုပါ ကမ်းနားလမ်းညဈေးကိုA25 Myanmar Development ကုမ္ပဏီက တာဝန်ယူပြီး ပြန်လည် အဆင့်မြှင့်တင်မှုများကို ဒီနှစ်ထဲမှာပဲ စတင်လုပ်ဆောင်နေပြီဖြစ် ပါတယ်။ ခေတ်မီပြီး စနစ်ကျတဲ့ညဈေးအဖြစ် အကောင်အထည်ဖော်ပြီးYangon Night Market အမည်နဲ့ လာမယ့် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ် တယ်လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောပါတယ်။

 "လက်ရှိမှာတော့ ဆိုင်ခန်းအဆင့်မြှင့်တင်မှုလုပ်ငန်း တွေ ဆောင်ရွက်နေပါပြီ။ ဆိုင်ခန်းလျှောက်လွှာတွေကို လည်း ခေါ်ယူထားပြီးတော့ စက်တင်ဘာလလောက်မှ စဖွင့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်"လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။

 ရန်ကုန်ညဈေးကို ရန်ကုန်မြို့ကမ်းနားလမ်း ပန်းဘဲတန်းမြို့နယ်မှ ကျောက်တံတားမြို့နယ်ထိ အကောင်အထည် ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကမ်းနားလမ်းညဈေး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ငွေကျပ် ၂ ဒသမ ၆ ဘီလျံကို ကုမ္ပဏီက ကျခံသုံးစွဲ သွားမှာဖြစ်ပြီးA25 Myanmar Development  ကုမ္ပဏီက PPP(Public Private Partnership) စနစ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုပါတယ်။

Institution Read 46 times