ချင်းပြည်နယ်ရှိမြို့ကြီးများတွင်အိမ်ထောင်စုများတိုးပွားလာနေပြီးမြို့မြေနေရာများတိုးချဲ့နေရာချထားရန် လိုအပ်လာသည့်အတွက်မြို့သုံးမြို့တွင်မြို့သစ်စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်ပြည်ထောင်စုအစိုးရထံတင်ပြထားကြောင်းသိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုအောက်ပါ link တွင်ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။
ချင်းပြည်နယ်မြို့များတွင်ကျေးလက်ဒေသမှအကြောင်းအမျိုးမျိုးနှင့်ပြောင်းရွေ့နေထိုင်သူများလာသကဲ့သို့ အနယ်အနယ်အရပ်ရပ်မှပြောင်းလာသည့် ရုံးဝန်ထမ်းများ၊ဈေးသည်များမှလည်း ချင်းပြည်နယ်မှမြို့များတွင် အခြေချနေလာသောကြောင့် စည်ပင်သာယာ နယ်နိမိတ်တိုးချဲ့ရန် လိုအပ်လာပါသည်။
ချင်းပြည်နယ်အတွင်း မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရန် တင်ပြတောင်းခံထားသည့်မြို့များမှာ ချင်းပြည်နယ်၏ မြို့တော်ဟားခါး ၊ဖလမ်းမြို့နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တို့ဖြစ်ပါသည်။
မြို့သစ်စီမံကိန်း ဆောင်ရွက်နိုင်ရန် အတွက်မြို့နှင့်သက်ဆိုင်သည့်အချက်အလက်များကို ချင်းပြည်နယ်အစိုးရမှ တွက်ချက်၍ ပြည်ထောင်စု အစိုးရထံတင်ပြထားပြီးဖြစ်၍ မကြောမီအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Source:democracy newspaper