စီမံကိန်းသစ် မူဆယ်-ထီးချိုင်-မန္တလေး အဝေးပြေးလမ်းမကြီး


01 January, 2020

မြန်မာစီမံကိန်းဘဏ်စာရင်းဝင် စီမံကိန်းများတွင် ကုန်ကျစရိတ် အကြီးမားဆုံးမှာ မူဆယ်-ထီးချိုင် အဝေးပြေးလမ်းမကြီး ဖြစ်ပြီးခန် ့မှန့်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဘီလျံဟု ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ထုတ်လွှင့်ခဲ့သာ မြန်မာစီမံကိန်းဘဏ်ဝဘ်ဆိုက်တွင် စီမံကိန်းပေါင်း ၁၃၀ နီးပါးကို စာရင်းပြုစုတင်ပြပေးထားပြီ ဖြစ်သည်။ အမြန်လမ်းမကြီးများနှင့်တံတားများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများ၊ အကောင်အထည်ဖော်ရန် အတည်ပြုထားပြီး ဖြစ်သော အခြေခံ အဆောက်အအုံ စီမံကိန်းများ အစရှိသည်တို့ ပါဝင်သည်။

 

ကွန်ကရစ် နိုင်လွန်က္ကတရာခင်း လေးလမ်းသွား လမ်းမကြီး ဖြစ်သည်။ အလျား ၄၄၆ ကီလိုမီတာ ရှိသည်။အဆိုပါ စီမံကိန်းသည် တရုတ်-မြန်မာ နယ်ခြားအဆက်အသွယ်ကို တိုးတက်ကောင်းမွန်စေမည် ဖြစ်သည်။ တောင်မြောက်စင်္ကြန်ကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ရာ မန္တလေး-ရန်ကုန်တို့အကြား ကုန်စည်စီးဆင်းမှုကို တိုးတက် ကောင်မွန်စေမည် ဖြစ်သည်။ 

အဝေးပြေးလမ်းမကြီး၏ ပထမအဆင့်သည် အလျား ၂၀၆ ကီလိုမီတာ ရှိပြီး ရှမ်းပြည်နယ်ရှိ နယ်ခြားကုန်သွယ်ရေး မြို့နယ် မူဆယ်မှ ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင်သို့ ဆက်သွယ်ပေးမည့် အဝေးပြေး လမ်း ဖြစ်သည်။ ထိုလမ်းပိုင်းသည် အရှေ့အနောက် အဝေးပြေးလမ်းမကြီးအဖို့ အရေးပါသောအပိုင်း ဖြစ်လာမည်။ 

 

စီမံကိန်း ဒုတိယအပိုင်းသည် အလျား ၂၄၀ ကီလိုမီတာ ရှိသည်။ ထီးချိုင်မှ ကျောက်မြောင်း၊ စစ်ကိုင်းတို့ကို ဖြတ်သန်းပြီး မန္တလေးတွင် အဆုံးသတ်သည်။အဆိုပါ အဝေးပြေးးလမ်းမကြီးကို ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် လျာထားပြီး ပြီးစီးပါက မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် သုံးခုတို့အကြား ကားလမ်းဖြင့် ကူးသန်းသွားလာမှုများ တိုးတက်ကောင်းမွန်မည်ဖြစ်သည့်အပြင် တရုတ်-မြန်မာ နယ်ခြားကုန်သွယ်ရေးအတွက်လည်း ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ပေါ်‌ပေါက်လာမည်ဖြစ်သည်။

Local Factory and Industrial Plant Read 48 times