အသစ်ပြန်လည် ရေးဆွဲနေသည့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ


06 December, 2020

 အစိုးရသစ်လက်ထက်တွင်အသစ်ပြန်လည် ရေးဆွဲနေသည့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေတွင် ကန်ထရိုက်တိုက်ခန်းပိုင်ရှင်များကို Owner Book ထုတ်ပေးမည့် အချက်ပါဝင်လာမည်ဖြစ်ကြောင်း အဆိုပါဥပဒေနှင့် ပတ်သက်၍ ပါဝင်ရေးဆွဲဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။

        ယခင်ကရေးဆွဲခဲ့သည့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေတွင် ရှေ့နေချုပ်ရုံးသို့ရောက်ရှိပြီးဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်ရန်အချက်အလက်များကျန်ရှိနေသောကြောင့် အသစ်ပြန်လည်ရေးဆွဲနေခြင်းဖြစ်ကြောင်းသိရသည်။

"မူလလုပ်ထားတာတွေက ရှေ့နေ့ချုပ်ရုံးရောက်ပြီးပြီ။အသစ်က ပြန်စတာ။အစိုးရသစ်လက်ထက်မှာ အသစ်ပြန်လုပ်တာဖြစ်တယ်။Trend ပြောင်းသွားတာပေါ့။ပိုပြီးပီပီပြင်ပြင်ဖြစ်လာတာပေါ့။ကွန်ဒိုမီနီယမ်ဥပဒေနှင့် ကွန်ဒိုဝယ်တဲ့သူတွေကို ကာကွယ်ပေးလို့ရပေမယ့် ရိုးရိုးကန်ထရိုက်တိုက်ဝယ်တဲ့သူတွေကို ပိုင်ဆိုင်မှုမှန်ကန်လားဆိုတာ ဥပဒေထည့်ဖို့လုပ်နေတာ။Apartment Law ဆိုတာကို သီးခြားမရေးဆွဲဘဲ ဥပဒေထဲမှာ တစ်ခါတည်းထည့်ပေးလိုက်ဖို့ပေါ့။အဓိက ကတော့ Owner Book ထုတ်ပေးဖို့ပေါ့"

ဟု ပြောကြားခဲ့သည်။

        ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လွန်ခဲ့သည့်၁၉၉ဝပြည့်နှစ်များကပုဂ္ဂလိကဆောက်လုပ်ထားသည့်အိမ်ရာများ၊အစိုးရမှတည်ဆောက်ထားသည့်အိမ်ရာများ

အတွက်အထိုက်အလျောက်ကျဆင်းလာသည့်ကြံ့ခိုင်မှုအတွက်မည်သို့ဆက်လက်ထိန်းသိမ်းရမည် များကိုပါ  အဆိုပါ အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေထွက်ပေါ်လာပါက

ဝန်ကြီးဌာနအနေဖြင့် ကိုယ်တိုင်အိမ်ရာတည်ဆောက်ခြင်းထက်အိမ်ရာတည်ဆောက်သူများအားမည်သို့ပံ့ပိုးမည်ဆိုသည့်ကဏ္ဍကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Laws and Regulations Read 74 times