မြဝတီ ခေတ်မှီ ၃ ထပ် ဈေးသစ်ကြီး


18 December, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် ခေတ်မှီ ၃ ထပ်ဈေးသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၁၄ လအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်မှီဈေးသစ်ကြီးကို မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် MGI ကုမ္ပဏီ မှတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၅၄၆ ခန်း ပါဝင်မည်ပြီး ခေတ်မှီဈေးသစ်အပြင် CCTV နှင့် မီးငြှိမ်းသတ်သည့် စနစ်များ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးသစ်ကြီးတည်ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်တပ်မတော်ဆေးရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Factory and Industrial Plant Region Read 349 times