ငွေကျပ် ၆၈ ဘီလီယံဖြစ် မြေအောက်နှစ်ထပ်ပါ ဆောက်လုပ်နေသော အဆင့်မြင့်မင်္ဂလာစျေးသစ် ၆၇ %ခန့်ပြီးစီး


07 October, 2022

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်တွင် တည်ဆောက်လျက်ရှိသည့် မြေအောက်ထပ် နှစ်ထပ်အပါအဝင် ၁၅ ထပ်ရှိသည့် အဆင့်မြင့် မင်္ဂလာစျေးသစ် တည်ဆောက်မှုသည် လက်ရှိတွင် ၆၇ % ခန့်ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သိရသည်။

အဆင့်မြင့်မင်္ဂလာစျေးသစ် တည်ဆောက်ရာတွင် မြေညီထပ်၌ အဆင့်မြင့်စျေးဆိုင်ခန်းများ ၊ ဘဏ်များ နှင့် စားသောက်ဆိုင်များ ထည့်သွင်ဆောက်လုပ်သွားမှာ မယ်လို့လည်း သိရသည်။

 

မြေညီထပ်မှ အထပ်မြင့် ၄ ထပ်အထိ ကို ယခင် မင်္ဂလာစျေးမီးလောင်မှုကြောင့် စျေးအတွင်းဆိုင်ခန်းများ ငှားရမ်းရောင်းချနေကြသည့် စျေးသူ ၊ စျေးသားများအတွက် စည်ပင်သာယာရေးကော်မတီမှ ဆိုင်ခန်းနေရာများ စီမံခန့်ခွဲ၍ ပြန်လည်နေရာချထားပေးမည်ဖြစ်ကာ စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေး ကုမ္ပဏီမှ ရရှမည့် အထပ်မြင့် ၅ ထပ်မှ ၈ ထပ်အထိ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ထည့်သွင်း တည်ဆောက်မည် ဖြစ်သည်။

 

ထို့နောက် ၉ / ၁၀ ထပ်တို့တွင် ဆိုင်းခန်းများ နှင့် ကုန်လှောင်ရုံများ ပါဝင်ပြီး ၁၁ ထပ်မှ ၁၃ ထပ်အထိ၌ ရုံးခန်းများထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း နှင့် မြေအောက်ထပ် နှစ်ထပ်အပါအဝင် အထပ်မြင့် ခြောက်ထပ်မှ ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇၀၀ ကျော် ရပ်နားနိုင်မည့် ကားပါကင် ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

အဆင့်မြင့်မင်္ဂလာစျေးသစ်ကို ငွေကျပ် ၆၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းခွင်ရှိ တည်ဆောက်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်ပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝန်းရံခ

#Myanmnar Builder Guide

Local Factory and Industrial Plant Read 623 times