New Mandalay Resort City စီမံကိန်းအတွက် Preferred Bidder အဖြစ် ကုမ္ပဏီသုံးခုအား ရွေးချယ်ထား


03 December, 2020

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ဧက ၁ဝဝဝဝခန့်တွင် New Mandalay Resort City စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းအတွက် Preferred Bidder အဖြစ် ကုမ္ပဏီသုံးခုအား ရွေးချယ်ထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။

စီမံကိန်း၏ရည်ရွယ်ချက်ဖြစ်သော Green,Clean and Smart City နှင့် ကိုက်ညီပြီး Master Developer အဖြစ် ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ရန် အဆိုပြုတင်ပြနိုင်သည့်Khin Myanmar Development Co.,Ltd, Central Irrawaddy Development Co.,Ltd, နှင့် Shwe Taung Development Co.,Ltd တို့အား ရတနာပုံမြို့သစ်တည်ဆောက်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ Preferred Bidder အဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အစိုးရတည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီမှ ဦးစီး၍ New Mandalay Resort City(NMR City)စီမံကိန်းကို စက်မှု၊IT နည်းပညာ၊စိုက်ပျိုးရေးစီမံကိန်း၊စီးပွားရေးလုပ်ငန်း၊

ကျန်းမာရေး၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းအခြေပြု မြို့အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

New Mandalay Resort City စီမံကိန်းတည်ဆောက်ရန် စီမံကိန်းမြေအား ထိရောက်အကျိုးရှိစွာအကောင်အထည်ဖော်နိုင်မည့် ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်စွမ်းရှိသော ကုမ္ပဏီ အဖွဲ့အစည်းများသည် NMR City Concept Plan အပေါ်အခြေခံ၍ တည်ဆောက်ရေး၊ ဈေးကွက်ရှာဖွေရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာ များ တင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။


 

Real Estate & Properties Read 86 times