မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီး


23 November, 2020

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ လက်လီ၊ လက်ကားဈေးကြီး နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များကိုပါ ထည့်သွင်းတည်ဆောက် သွားမည့်

Yangon Mingalardon grand Bazaar ကို ဇေကမ္ဘာကုမ္ပဏီနှင့် တရုတ်နိုင်ငံ Zhejiang Luding Investment Co., Ltd. တို့က အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရင်းနှီးမြှုပ်နှံမှုဖြင့် မင်္ဂလာဒုံဥယျာဉ် မြို့တော်တွင်

ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ သိရပါသည်။

ယခုဆောက်လုပ်မည့် ခေတ်မီ လက်လီ၊လက်ကား ဈေးသစ်ကြီးအား ရန်ကုန်မြို့အတွင်းရှိ စီးပွားရေး လုပ်ငန်းများကို တစ်နေရာတည်းတွင် တစ်စုတစည်းတည်း စုစည်းနိုင်ခြင်းဖြင့်ရောင်းသူ၊ ဝယ်သူကြား အဆင်ပြေ ချောမွေ့စေရန်နှင့် ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြော ကျပ်တည်းမှု၊ ကားပါကင်ရှားပါးမှု ပြဿနာများကို တစ်စိတ်တစ်ဒေသ လျှော့ချနိုင်စေရန် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် အချက်အချာကျသည့် မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် မကြာခင် အကောင်အထည်ဖော် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးတွင်

လူနေအိမ်၊ ဈေး၊ ရုံးခန်း၊ ကျောင်း၊ ဆေးရုံနှင့် အခြေခံ အဆောက်အအုံများ ပါဝင်မည် ဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ အထည်အလိပ် ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့်

လူသုံးကုန်ပစ္စည်းများကို တစ်နေရာ တည်းတွင် လက်လီ၊ လက်ကား ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အောင်မင်္ဂလာ အဝေးပြေး ကွင်း၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးအနီးရှိ မင်္ဂလာဒုံဥယျာဉ် မြို့တော်အတွင်းရှိ အကျယ်အဝန်း ၁၂၅ ဧက ကျယ်သည့်

မြေပေါ်တွင် ဆောက်လုပ်မည့် အဆိုပါ စီမံကိန်းကြီး အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးရန် အချိန် ခြောက်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းပြီးစီးပါက လုပ်သားအင်အား

သုံးသောင်းနီးပါးခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရပါသည်။

Local Factory and Industrial Plant Read 26 times