အရည်အသွေးမြင့် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံဖြင့် ဆောက်လုပ်မည်


01 March, 2020

ရေနံထွက် ပစ္စည်းများအတွက် Oversea market အား မှီခိုမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း လိုအပ် ချက်ကို ဖြည့်ဆည်းရန်

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်တို့တွင် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံတို့ဖြင့် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့ သည်။

“တရုတ်-မြန်မာ ရေနံစိမ်း ပိုက်လိုင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အလယ်အလတ်အဆင့် စက်ရုံတွေ(Medium Refinery)နဲ့ ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်မှာ အကြီးစား (New Integrated Refinery and Petrochemical Complex) စက်ရုံတွေ ဆောက်လုပ်သွားမှာပါ” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Factory and Industrial Plant Read 41 times