တောင်ကိုရီးယား ပထမဆုံး ရေပေါ်လေဆိပ် ဘူဆန်းဆိပ်ကမ်းတွင် ဆောက်လုပ်မည်


26 April, 2022

တောင်ကိုရီးယား ပထမဆုံး ရေပေါ်လေဆိပ် ဘူဆန်းဆိပ်ကမ်းတွင် ဆောက်လုပ်မည်

တောင်ကိုရီးယားနိုင်ငံ ဘူဆန်းဆိပ်ကမ်းမြို့တွင် ရေပေါ်လေဆိပ် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု မြေယာဝန်ကြီးဌာနက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး ရေပေါ်လေဆိပ် ဖြစ်ပြီး ၂၀၂၅တွင် ဆောက်လုပ်ရေး စတင်မည် ဖြစ်သည်။

ပြီးခဲ့နှစ်က မဟာစီမံကိန်းကြီးအတွက် အသုံးစရိတ် အတည်ပြုခွင့်ပြုချက် ရရှိခဲ့သည်။ ဝမ် ၁၃.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၉၇ ဘီလျံ) ကို ရေပေါ်လေဆိပ်စီမံကိန်းအတွက် သုံးစွဲခွင့် ရရှိသည်။ ဘူဆန်ဆိပ်ကမ်းမြို့၏ အကြီးဆုံးကျွန်းဖြစ်သည့် Gadeok Island အနီးတွင် လေဆိပ်သစ်ကို တည်ဆောက်မည် ဖြစ်သည်။
ရေပြင်ပေါ် ပေါလောပေါ်နေမည့် ကမ်းလွန်ကမ်းနီးလေဆိပ် ဆောက်လုပ်ရန် သဘာဝပတ်ဝန်းကျင် ဆာဗေးဆောင်ရွက်ပြီးပါ လေတိပ်ဒီဇိုင်း အသေးစိတ် စတင်ရေးဆွဲမည်ဖြစ်သည်။
အစစအရာရာ အထစ်အငေါ့ မရှိပါက ၂၀၂၅ တွင် ဆောက်လုပ်ရေး စတင်မည်။ 
၂၀၃၅ ဇွန်လတွင် လေဆိပ်ဖွင့်လှစ်မည်။

‌ဘူဆန်းရေပေါ်လေဆိပ်အသစ်သည် ၂၀၆၅ ခုနှစ်သို့ ရောက်သောအခါ တစ်နှစ်လျှင် ခရီးသည် ၂၃.၃၆ သန်း ကိုင်တွယ်ပေးမည်။ လေကြောင်းကုန်စည် ၂၈၆,၀၀၀ တန်ကို ကိုင်တွယ်ပေးမည် ဖြစ်သည်။ 
 
ဘူဆန်မှ လက်ရှိသုံးစွဲနေသော Gimhae International Airport သည် ခရီးသည်များနှင့် ကုန်စည်များ ကိုင်တွယ်ပေးနိုင်စွမ်း အပြည့်နီးပါး ဖြစ်လာသဖြင့် လေဆိပ်သစ်တစ်ခု ဖြည့်တင်းပေးခြင်း ဖြစ်သည်။

Region Read 368 times