New American Center


27 October, 2020

အမေရိကန်စင်တာအသစ် (New American Center) သည် လက်ရှိ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်တွင် ဆောက်လုပ်လျှက်ရှိပြီး အမေရိကန်အစိုးရမှ ပူးပေါင်းဖွင့်လှစ်သော ပညာရေးအထူးပြု နေရာတစ်ခုလည်းဖြစ်သည်။

ထိုအမေရိကန်စင်တာကို တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်တွင် ဆောက်လုပ်လျှက်ရှိပြီး ၂၀၁၇ တွင် ပြီးစီးမည်ဟု သိရသည်။

ထို ဆောက်လုပ်ရေး တင်ဒါကို အမေရိကန်ပြည်ထောင်စု The U.S. Department of State, Bureau of Overseas Buildings Operations က ၂၀၁၄ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု Virginia ပြည်နယ်မှ Enviro-Management & Research (EMR) အဖွဲ့ကို ဆောက်လုပ်ရေး  စာချုပ် ပေးအပ်ခဲ့ပါသည်။

စာချုပ်တန်ဖိုးမှာ ဒေါ်လာ ၁၅ သန်းနှင့် ၂၁ သန်းရှိသည်ဟု သိရပြီး ပုတ်ပြတ်စနစ်ဖြင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို EMR အဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံတွင် တင်ဒါပြန်ခေါ်ယူပြီး original asia ဆောက်လုပ်ရေးက ဆောက်လုပ်ပေးလျှက်ရှိပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

အဆောက်အဦး၏ ဗိသုကာပညာရှင်မှာ အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် မှ Yost Grube Hall ဖြစ်ပါသည်။        

ပင်မအဆောက်အဦးမှာ ၂ ထပ်အဆောက်အဦးဖြစ်ပြီး စုစုပေါင်းကြမ်းခင်းဧရိယာ ၂၁၄၀ ရှိပါသည်။ အဆောက်အဦးထဲတွင် လူအယောက် ၁၄၀ ဆန့် ခန်းမ၊ အစည်းအဝေးခန်းမတစ်ခု၊ ကော်ဖီဆိုင်တစ်ဆိုင်၊ ကွန်ပျူတာ lab ခန်းအပါအဝင် စာသင်ခန်း ၈ ခန်း၊ စာအုပ်ပေါင်း ၁၄၀၀၀ ကျော် ဆန့်မည့် စာကြည့်တိုက်တစ်ခု ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ၆၅ မီတာ ပတ်ပတ်လည် နှင့် အမြင့် ၂.၇၅ မီတာရှိသည့် နံရံတစ်ခု၊ မီးစက်နှင့် အခြား utility များ ထားရှိမည့် ကြမ်းခင်း ၂၀၀ စတုရန်းမီတာ ရှိသည့် အဆောက်အဦးတစ်ခု ပါရှိမည်ဖြစ်သည်။

လုံခြုံရေးစနစ်များအနေဖြင့် CCTV မှာ နေရာအနှံ့ရှိပြီဖြစ်ပြီး ဂိတ်ဝတွင်လည်း ဖြတ်မောင်း၍ မရရန် anti-ram barrier နှင့် ဖြတ်တိုက်၍မရရန် anti-ram gate  နှစ်ခု ထားရှိမည်ဟုသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from U.S. Department of States, Bureau of Overseas Buildings Operations and Yost Grube Hall website

Institution Read 24 times