မလေးရှားနိုင်ငံ ဆောက်လုပ်ရေး ကန်ထရိုက်တာ ၅ သောင်း နီးပါးလုပ်ငန်း ပိတ်သိမ်း


30 June, 2022

2018 ခုနှစ်မှစပြီ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း စျေးနှုန်းများ သိသိသာသာ မြင့်တက်မှု အပြင် ကန်ထရိုက်တာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှု မရှိတော့တာဟာ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းလာကြတာဖြစ်ပါတယ်။

Malaysian Malay Contractors Association (PKMM) မှ လက်ထောက်ဥက္ကဌ Datuk Mohd Rosdi Ab Aziz က ကိုဗစ် ကပ်ရောဂါကြောင့် G1 မှ G4  ကန်ထရိုက်အများကို ထိခိုက်လာစေခဲ့ပြီ Project များလည်း တဖြည်းဖြည်း နည်းပါးလာတယ်လို့ ပြောကြားခဲ့ပါတယ်။

လုံလောက်တဲ့ ရန်ပုံမရှိတဲ့အတွက် သက်ဆိုင်ရာ ကန်ထရိုက်တာ အတန်းအစားအလိုက် လုပ်ငန်းလိုင်စင်သက်တမ်းမတိုးတော့တဲ့ အကြောင်းအရင်းတစ်ခုဖြစ်လာပါတယ်။ တစ်ချိန်ထဲမှာဘဲ ပရောဂျက်များရဲ့ ချို့တဲ့မှုတွေကြောင့် ကန်ထရိုက်တာများ ကုန်ကျစရိတ်တွေကို မခံနိုင်တော့လို့ဘဲ ဖြစ်ပါတယ်။

ဒီကန်ထရိုက်တာအများစုက ငွေကြေးအခက်အခဲကြောင့် တခြားနယ်ပယ်တွေမှာ စွန့်စားဖို့ မတတ်နိုင်တော့ကြသလို တချို့က ဘဏ်တွေရဲ့ ချေးငွေယူပြီးရင် အကြွေးတွေလည်း ဆပ်နေကြရတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Kelantan PKMM ဥက္ကဌဖြစ်တဲ့ Mohd Rosdi က မလေးရှားနိုင်ငံ ကန်ထရိုက်တာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် အိမ်ဆောက်ပစ္စည်းစျေးနှုန်းများ မြင့်တက်မှုရဲ့ အကြောင်းအရင်း နောက်ကွယ်မှအမှန်တရားကို စောင့်ကြည့်ဖို့နဲ့ အစိုးရ နှင့် အစည်းအဝေးများပြုလုပ်ဖို့အတွက်လည်း ပြောကြားခဲ့ပါတယ်။

Written By Aung Win (Myanmar Builder Guide)

Ref: Malay Mail

Global Read 721 times