ပြည်သူ့အငှားအိမ်ရာစီမံကိန်း အဆောက်အဦများတည်ဆောက်ခြင်း လုပ်ငန်းအပ်နှံလက်ခံမှု သဘောတူစာချုပ် ချုပ်ဆို


12 January, 2021

နေပြည်တော် ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွက် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်နှင့် လုပ်ငန်းလက်ခံသည့်

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း( နေပြည်တော်) အသင်းဝင်ကုမ္မဏီများအကြား အဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်း အပ်နှံလက်ခံမှု သဘောတူစာချုပ်ချုပ်ဆိုပွဲကို (၁၁-၁-၂၀၂၁) ရက်နေ့တွင် အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာချုပ်ချုပ်ဆိုပွဲသို့ မြန်မာနိုင်ငံလိုက်စင်ရကန်ထရိုက်တာများအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးချုပ်တို့အပါအဝင် တာဝန်ရှိသူများ၊

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း( နေပြည်တော်)မှ အသင်းဝင်ကုမ္ပဏီများကိုယ်စား အသင်းဥက္ကဌ ဦးပြည့်ဖြိုးလွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းအပ်နှံလက်ခံမှူ စာချုပ်ချုပ်ဆိုပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

Public Housing Read 326 times