မြေတစ်ဧက ကျပ် ၈၂၅ သိန်းနှုန်းဖြင့် ရောင်းချမည့် နေပြည်တော် စက်မှုဇုန်


11 July, 2019

 အုပ်ချုပ်ရေးမြို့ တော် နေပြည်တော် ရှိ အသေးစား နှင့် အလတ်စားစက်မှုဇုန်တွင်ရင်း နှီးမြှုပ်နှံရန် အခြေခံအဆောက်အအုံကြေးအပါအဝင် မြေတစ်ဧက ကျပ် ၈၂၅ သိန်းဖြင့်ရောင်းချပေးမည်ဟု နေပြည်တော်စည် ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်သည်။

 ယမန်နေ့ ထုတ်ပြန်ချက်၌ မြေတစ်ဧကလျှင် မြေကွက်တန် ဖိုး ကျပ်သိန်း ၃၂၀၊ အခြေခံအဆောက်အအုံကြေး (Infrastructure) ကျပ် ၅၀၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၈၂၅ သိန်း သတ်မှတ်ထားကြောင်း ပါဝင်သည်။

 ပြည်တွင်း၊ပြည်ပမှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် စိတ်ဝင်စားမှုရှိသောကြောင့် အသေးစားနှင့်အလတ်စား စက်မှုဇုန်မြေ ကွက်များကို ဖော်ထုတ်ရောင်းချ ခြင်းဖြစ်ကြောင်း အဆိုပါထုတ် ပြန်ချက်က ဆိုသည်။

 တစ်နှစ်မြေငှားရမ်းခတစ် ဧကလျှင် တစ်စတုရန်းပေလျှင် ငွေ (၁/-) ကျပ်နှုန်း၊ တစ်ဧကထက် ကျော်လွန်သည့် ဧရိယာများအတွက် တစ်စတုရန်းပေလျှင် ငွေ (သုည ဒသမ ၅) ကျပ် နှုန်းဖြစ်သည်။

 အဆိုပါ စက်မှုဇုန်သည် ဒက္ခိဏသီရိမြို့နယ် ၌ တည်ရှိပြီး ရောင်းချရန် မြေကွက် ၄၁ ကွက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မြေ ၁ ဒသမ ၅ ဧကတစ် ကွက်၊ နှစ်ဧက မြေလေးကွက်၊ ၂ ဒသမ ၃၂ ဧကမြေရှစ်ကွက်၊ ၂ ဒသမ ၅ ဧက မြေ ၂၅ ကွက်၊ ၂ ဒသမ ၅၄ ဧက မြေနှစ်ကွက်၊ ၂ ဒသမ ၆၇ မြေတစ်ကွက်တို့ဖြစ် သည်။ ထို့အပြင် ကြေညာချက်၌ လမ်း၊ ရေမြောင်းနှင့် လမ်းမီးများ ဆောင်ရွက်ထားသည့် အခြေပြ ဇယားနှင့် ရေဆိုးသန့်စင်စွန့်ထုတ်မှုဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ထည့်သွင်းဖော်ပြထားသည်။

 

        စက်မှုဇုန်အတွင်းခွင့်ပြုမည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများတွင် အစားအစာနှင့် အဖျော်ယမကာ၊ အသားငါး၊ နို့နှင့် နို့ထွက်ပစ္စည်း၊ စားသုံးဆီ၊ သကြား၊ အရက်ဘီယာ၊ အဝတ်အထည်၊ ပုံနှိပ်၊ ဓာတုပစ္စည်း၊ ပိုးသတ်ဆေး၊ ဆေးဝါးထုတ်လုပ် ခြင်းတို့ အပါအဝင်အမျိုးအစား ၂၀ ရှိသည်။

Real Estate & Properties Read 45 times