နေပြည်တော်ကောင်စီနယ်မြေကို အစိမ်းရောင်နယ်မြေဖြစ်စေရေးအတွက် အချက်ငါးချက်ပါသော စီမံကိန်း


17 November, 2020

နေပြည်တော်ကောင်စီနယ်မြေကို အစိမ်းရောင်နယ်မြေဖြစ်စေရေးအတွက် အချက်ငါးချက်ပါသော စီမံကိန်းတစ်ခုရေးဆွဲလျက်ရှိကာ အပန်းဖြေရိပ်သာတည်ဆောက်ရေးစီမံကိန်းများကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အစိမ်းရောင်နယ်မြေဖြစ်ရေးအတွက် အချက်ငါးချက်တွင် နေပြည်တော်အား နေချင်စဖွယ်စိမ်းလန်းစိုပြေသည့် မြို့တော်၊သဘာဝပတ်ဝန်းကျင်မပျက်စီးသည့်မြို့တော်၊ပညာရေးဖွံ့ဖြိုးတိုးတက်စေသည့်မြို့တော်၊လေကြောင်း နှင့် ကုန်စည်ပို့ဆောင်ရေးဗဟိုဌာနနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သော မြို့တော်ဖြစ်လာရန် တည်ဆောက်သွားရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စိမ်းစိုသော ဒေသကြီး တစ်ခုကို သဘာဝအခြေခံခရီးသွားလုပ်ငန်းမြှုပ်တင်ရန်အတွက် မူတစ်ခုချမှတ် လုပ်ဆောင်နေကြောင်းသိရသည်။

ယခုနေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ကုမ္ပဏီတစ်ခုမှ သူရဲကောင်းပြတိုက်ဥယျာဉ်၊ကလေးကစားကွင်းနှင့် အားကစားရုံများ၊ရွှေကရဝိက်ကျွန်းပန်းဥယျာဉ်နှင့် အပန်းဖြေရိပ်သာတည်ဆောက်ရေးစီမံကိန်းများကိုလည်း ဆောင်ရွက်နေကြကြောင်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထို့ပြင်နေပြည်တော်ကောင်စီနယ်မြေအတွင်းအစိုးရဌာနများမှ ထွက်သော စွန့်ပစ်အမှိုက်များကိုအသုံးဝင်သော ပစ္စည်းများအဖြစ်ပြန်လည်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရေးအတွက်လည်း အင်ကြင်းဖွံ့ဖြိုးမှုကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိရသည်။

နေပြည်တော်အားအစိမ်းရောင် နယ်မြေအဖြစ် ဆောင်ရွက်ခြင်းမှာ လေထုညစ်ညမ်းမှုမရှိခြင်း၊ယာဉ်ကြောရှုပ်ထွေးမှုမရှိခြင်း၊စသည့်အကြောင်းအရာများအပေါ်အခြေခံဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

Public Housing Bank Loan Read 398 times