နောင်ချိုတွင်တည်ဆောက်မည့် သကြားစက်ရုံ


07 December, 2019

  နေ့စဉ် ကြံတန်ချိန်တစ် သောင်းနှစ်ထောင်ကြိတ်နိုင်မည့် သကြားစက်ရုံကို ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့တွင် တည်ဆောက်မည်ဖြစ်သည်။

        နောင်ချိုမြို့နယ် ကုန်းကြီး ရွာမကျေးရွာအုပ်စု အင်းဝိုင်းကျေးရွာအနီး မြေ ၄၉ ဒသမ ၇၅ ဧကပေါ်တွင် ဆင်းရွှေလီသကြား စက်ရုံအမှတ် (၃)ကို ၂ နှစ်တွင်း တည်ဆောက်မည်ဖြစ်သည်။

        နောင်ချိုမြို့နယ် ကုန်းကြီး ကျေးရွာဝန်းကျင်သည် ကြံကို အဓိကစိုက်ပျိုးသဖြင့် ဒေသခံ တောင်သူများစိုက်ပျိုးသည့် ကြံများကို ဝယ်ယူ၍ သကြားစက်ရုံ တွင် အသုံးပြုမည်ဖြစ်ပြီး တည်  ဆောက်ရေးကာလနှင့် စီမံကိန်း ကာလအတွင်း ဒေသခံများဖြင့် စက်ရုံလည်ပတ်မည်ဖြစ်သည်။

        ယင်းစက်ရုံတည်ဆောက် နိုင်ရန် ဒီဇင်ဘာပထမပတ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ချက်(EIA)နှင့် လူထုတွေ့ဆုံခဲ့ပြီး ဒေသခံများက စက်ရုံတည် ဆောက်ရန် သဘောတူသည်ဟု ဆိုသည်။

        ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ချက်ကို စီမံကိန်းဧရိယာအ တွင်းရှိ အင်ဝိုင်း၊ ထုံးကုန်း၊ ပ လောင်ကုန်း၊ ပါဟဲ၊ တဲတိုက်နှင့် တောင်ကျတို့တွင် ပြုလုပ်ခဲ့ပြီး စက်ရုံစီမံကိန်းကြောင့် လေ၊ ရေ၊ မြေနှင့် ဇီဝမျိုးစိတ်များထိခိုက်မှု ကြီးကြီးမားမားမရှိဟု Myanmar Environment Sustainable Conservation (MESC)ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ကျော် သူရက ပြောသည်။

‘ဆာဗေးလုပ်ခဲ့သလောက် ကတော့ ပတ်ဝန်းကျင်ထိခိုက်မှု မရှိသလောက်ပဲ။ စက်ရုံဝန်းကျင် ကလည်း ကြံစိုက်တဲ့လယ်မြေတွေ ပဲရှိတော့’’

ဟု ၎င်းကဆက်လက် ပြောကြားသည်။

        ဆင်းရွှေလီသကြားစက်ရုံ အမှတ်(၃) ကို ငွေရည်ပုလဲကုမ္ပ ဏီက အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး ဆင်းရွှေလီသကြားစက်ရုံ အမှတ်(၁)နှင့် (၂)ကို နောင်ချိုမြို့တွင် တည် ဆောက်ထားသည်။

Factory and Industrial Plant Read 42 times