တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း တည်ဆောက်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု အခြေအနေ


12 November, 2020

တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း တည်ဆောက်နေသည့် သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လာမည့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် လျှပ်စစ်ဓာတ်အားပေးထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ယင်းစီမံကိန်းမှ Construction General Manager မှ ပြောကြားခဲ့ကြောင်း သိရသည်။

ယခုုတွင် သဘာဝဓာတ်ငွေ့နှင့် ရ၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စက်ရုံကို တည်ဆောက်နေမှုမှာ ၂ဝ၁၇ ဒီဇင်ဘာလခန့်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်တွင်အပူသုံးလျှပ်စစ် ၃၈မဂ္ဂါဝပ် အတွက် ထပ်ပြီး တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်ဖေဖော်ဝါရီလတွင် အပြီး သတ်နိုင်မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အား များကို ဖေဖော်ဝါရီလကုန်တွင် ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းလျှပ်စစ်ဓာတ်အားပေး စက်ရုံအား ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်မေ ၁၂ရက်တွင် အုတ်မြစ်ချခဲ့ပြီး စီမံကိန်းတစ်ခုလုံးမှ စုစုပေါင်း ၁၁ဝ မဂ္ဂါဝပ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားသည်

လာမည့် နွေရာသီကာလအတွင်း ရန်ကုန်မြို့တွင် ဖြစ်ပေါ်သည့်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း လည်း သိရသည်။

စီမံကိန်းမြေအကျယ်မှာ ၁ဝဧက ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁၃ဝ မီလျံရင်းနှီးမြှုပ်နှံထားကြောင်း၊ယင်းစီမံကိန်းအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ

U Energy Thaketa Power Co.,ltd ကို ပူးပေါင်းရင်းနှီးမြှုပ်နှံခဲ့ပြီး ၂ဝ၁၃ခုနှစ်တွင် ဇန်နဝါရီတွင် နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ကာ ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် ယင်းကုမ္ပဏီအနေဖြင့်

လုပ်ငန်းလိုင်စင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊တရုတ်နိုင်ငံ Union Resources & Engineering Co.,Ltd(UREC)နှင့် မြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနတို့မှ ပူးပေါင်းရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပေးစက်ရုံများမှ စွမ်းအားပြည့် ထုတ်လုပ်နိုင်မှုမရှိခြင်း၊မြန်မာနိုင်ငံမြောက်ပိုင်း နှင့် အရှေ့ပိုင်းရှိရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို

ဓာတ်အားစနစ်မှ တစ်ဆင့်ရယူသုံးစွဲနေရခြင်းကြောင့် ဗို့အားကျဆင်းမှုဖြစ်ပေါ်ပြီး အလှည့်ကျ ဓာတ်အားဖြတ်တောက်မှုများကို လုပ်ဆောင်ရကြောင်း၊မြန်မာတစ်နိုင်ငံလုံးသုံးစွဲသည့် လျှပ်စစ်ဓာတ်အားမှ တစ်ဝက်ကို ရန်ကုန်မြို့မှ အသုံးပြုခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ယခုလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် လျှပ်စစ်ဓာတ်အားကို တစ်စိတ်တစ်ပိုင်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ယင်းစက်ရုံအတွက် အသုံးပြုမည့်သဘာဝဓာတ်ငွေ့ကို သာကေတသဘာဝဓာတ်ငွေ့ထိန်းဖြတ်စခန်းမှ တဆင့် ပိုက်လိုင်းသွယ်တန်းမှုများ ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၂၁ခုနှစ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅ဝဝဝ အထိထုတ်လုပ်ပေးနိုင်ရန် ရည်မှန်းထားရှိကြောင်း၊နှစ်အလိုက် တည်ဆောက်ပြီးစီးမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ

လာမည့် ၂ဝ၁၈ခုနှစ်တွင် မဂ္ဂါဝပ် ၂၅ဝခန့်၊၂ဝ၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၉၅ဝ ခန့် ထပ်မံထုတ်လုပ်ပေး နိုင်မည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုအပေါ် ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်ကြာင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က ၁၁၅ဝ မဂ္ဂါဝပ်သုံးစွဲခဲ့ပြီး ၂ဝ၁၇ခုနှစ်တွင် ၁၃ဝဝ မဂ္ဂါဝပ်အထိ အမြင့်ဆုုံး သုံးစွဲလျက်ရှိပြီး ၂ဝ၁၈ခုနှစ်တွင် ၁၇ဝဝ မဂ္ဂါဝပ်အထိတိုးတက် သုံးစွဲလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Pyi Myanmar

Factory and Industrial Plant Read 36 times