National Urban Policy ရေးဆွဲခြင်းကို ကိုရီးယားနိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်မည်


20 December, 2020

ကမ္ဘာ့နိုင်ငံအသီးသီးတွင် Habitat III ညီလာခံမှ သဘောတူညီခဲ့သည့် New Urban Agenda လုပ်ငန်းစဉ်အရ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသား မြို့ပြ မူဝါဒချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းပြီး New Urban Agenda လုပ်ငန်းစဉ်အရ National Urban Policy ရေးဆွဲခြင်းကို National Urban Policy Program (NUPP) အစီအစဉ် (၂၀၁၇-၂၀၂၀) ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒကိုအစိုးရမှ ဦးဆောင်၍ ချမှတ် အကောင်အထည်ဖော်သွားနိုင်ရန်အတွက် အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေးကော်မတီ (National Urban Committee- NUC ) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၉ ဖြင့် အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

National Urban Committee ဖွဲ့စည်းရေးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လက ကျင်းပခဲ့ပြီးအမျိုးသားမူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

National Urban Policy ချမှတ်ရေးလုပ်ငန်းစဉ်အရ Consultation Workshop (၃) ကြိမ် နှင့် National Urban Policy Forum ကြီးကိုလည်း ၂၀၁၈-၂၀၁၉ ခုနှစ်များမှာကျင်းပပြုလုပ်ခဲ့သည်။

NUC ကော်မတီ အဖွဲ့ဝင်များအနေနဲ့လည်းအဆိုပါ Workshop နဲ့ NUP Forum တွေမှာ ပါဝင်ဆွေးနွေးခဲ့ပြီးအဓိကအားဖြင့် မြို့ပြမူဝါဒချမှတ်ရေးကဏ္ဍ(၈)ခုအပေါ်မှာဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် မြန်မာနိုင်ငံ၏ National Urban Policy ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၈)ရက်မှ (၁၃) ရက်အထိ UAE နိုင်ငံ အဘူဒါဘီ၌ ကျင်းပမည့် World UrbanForum – WUF 10 တွင် ဆွေးနွေးမည် ဖြစ်ပြီး OECD. UN-Habitat အဖွဲ့အစည်းများနှင့်လည်း NUP နှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း က အမျိုးသားမြို့ပြမူဝါဒ ညီလာခံမှ ရလဒ်များ၊ National Urban Policy အကောင်အထည်ဖော်ရာတွင် ဦးစားပေး နယ်ပယ် ဧရိယာ (၈) ခု နှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အစည်းအဝေးပွဲတွင် ရှင်းလင်းပြောကြားသည်။

အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေး ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို မနေ့က မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Local Factory and Industrial Plant Read 101 times