ကမ္ဘာ့ အကောင်းဆုံးရေကူးကန်များ ဟု အမည်ပေးခံရသော Griffin Pools


01 January, 2020

Griffin Poolsသည် ၄၅ နှစ်တာကာလအတွင်း ရေကူးကန်ဆောက်လုပ်ရေးမှာ ခေတ်မှီစံနှုန်းပြည့် လုပ်ငန်းတစ်ခု အဖြစ် သတ်မှတ်ခံရခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်၊Lake Walesရှိ Griffinရေကန်နှစ်ခုရဲ့ ဒီဇိုင်းနှင့် ပုံပန်းသဏ္ဍာန်က ရင်သပ်ရှုမောဖွယ်ကောင်းပြီး စံချိန်မှီတာကြောင့် 2019 editionထုတ်ဝေမှုမှာ Pebble Tec's World's Greatest Poolsအဖြစ် အမည်ပေးခြင်းခံရပါတယ်။

Griffin Poolsသည် ကမ္ဘာ့ရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းမှ ၎င်းဆုများကိုရရှိခဲ့ခြင်းက ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ Elite Pebble Technologyကို တည်ဆောက်သူများအတွက် Pebble Tecက လူနေအိမ် ရေကန်များ ဆောက်လုပ်ခြင်းနှင့်မျက်စိကျဖွယ် ရေကန်များကိုတည်ဆောက်ခြင်းတွင် ရွှေရောင်စံချိန်စံညွှန်းမှီဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။

"ဒီအသိအမှတ်ပြုမှုဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့ ၄၅ နှစ်တာသမိုင်းအတွက် သာမက Polk County poolလုပ်ငန်း တစ်ခုလုံးအတွက်လည်း သမိုင်းဝင်ပါတယ်။ Griffin Poolsက Polk Countyရဲ့ ပထမဆုံးရေကူးကန်ကုမ္ပဏီ ဖြစ်ပြီး အခုလိုချီးမြှင့်ခြင်းကို ခံရပါတယ်"

"ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်အတူ ကျွန်တော်တို့အသင်းကို ၁၉၇၅ ခုနှစ်မှစပြီး ထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ သစ္စာရှိအသိုင်းအဝိုင်းကို ကျေးဇူးတင်ပါတယ် "

"ရေကူးကန်တွေကို ဒီဇိုင်းဆွဲရာမှာ ကျွန်တော်တို့က ကမ္ဘာ့အဆင့်မီဗိသုကာများ၊ ဒီဇိုင်းပညာရှင်တို့နှင့်ပူးပေါင်းပြီး သာယာလှပတဲ့ အိမ်နောက်ဖေး ဥယျာဉ်များကို တည်ဆောက်ခဲ့ပါတယ်"

"ကျွန်တော်တို့က ဗိသုကာ ဒီဇိုင်းတွေကို ကျွန်တော်တို့ရဲ့ ရေကန်တွေအတွင်း ထည့်သွင်းဖို့အတွက် အမေရိကန်မှဂုဏ်ပြုဆုချီးမြှင့်သော အမေရိကန် ဗိသုကာဆိုင်ရာတံဆိပ်ရ မက်စတန်၊ ဗိသုကာဆုရ လော်ဒီယာနိုရီယာ နှင့်ဒီဇိုင်နာ ကက်စကတ်ဟော်လာဒေးတို့နဲ့အတူ အလုပ်လုပ်ခဲ့ကြပါတယ်" လို့ Griffin Pools ဥက္ကဌ Andy Hernanကပြောကြားခဲ့ပါတယ်။

ဆုရရှိသော ရေကန်နှစ်ခုစလုံးကို ဖလော်ရီဒါပြည်နယ်၊ Lake Walesမှာ တည်ဆောက်ခဲ့ပါတယ်။ ပထမဦးဆုံးအနိုင်ရ ရေကန်မှာ ပုတီးစေ့နှင့်သဘာဝကျောက်တုံးများနဲ့ပေါင်းစပ်ထားတဲ့ Pebble Brilliance စီးရီးမှ Majestic Sound finish ကိုအသုံးပြုခဲ့ပါတယ်။

ဒုတိယရေကူးကန်မှာ Pebble Tecရဲ့ အရောင် ၅၀ကျော်ထဲကမှ Moonlight Grey အရောင်ရှိတဲ့classic PebbleTecကို အသုံးပြုထားပါတယ်။

၂၀၂၀ခုနှစ်မှာ Griffin Poolsက ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စ၍ ကျွန်တော်တို့က ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းရှိ ဖောက်သည်တွေအတွက် အကောင်းဆုံး ရေကန်များနှင့်ရေပူစမ်းများကို တည်ဆောက်ပေးခဲ့ကြပါတယ်။

2019ခုနှစ်ရဲ့ World's Greatest Poolsထုတ်ဝေမှုမှာ အသိအမှတ်ပြုခံရတာကြောင့် ယခုအခါ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ရေကူးကန် ဆောက်လုပ်သူများအဖြစ် နာမည်ရလာပြီပဲ ဖြစ်ပါတယ်။

ဆောက်လုပ်ပြီးသော ရေကန်စီမံကိန်းပေါင်း ၇၀၀၀ ကျော်နှင့်အတူ Griffin Poolsက Polk၊ Hardee၊ East Hillsborough နှင့် Highlands Countyတွေမှာ အဓိက ရေကူးကန်ဆောက်လုပ်သူဖြစ်ပါတယ်။

Griffin Poolsမှ အရည်အသွေးမြင့် ရေကူးကန်တစ်ခု တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုလျှင် ဝက်ဘ်ဆိုက်ဖြစ်သော GriffinPools.comတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

နှစ်ပေါင်း ၄၅ နှစ်ကျော် အတွေ့အကြုံရှိသော Griffin Poolsက ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းမှာ အယုံကြည်ရဆုံး၊ ဆုအများအပြားရထားသော အရည်အသွေးမြင့် ရေကူးကန်တည်ဆောက်သူတွေ ဖြစ်ပါတယ်။

Global Read 62 times