တနင်္သာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုရှိကျွန်း ၁၀ ကျွန်းတွင်ခရီးသွားလုပ်ငန်းများအတွက် တည်ဆောက်ထားသောဘန်ဂလိုနှင့် အပန်းဖြေစခန်းများကို ယခုနှစ်ကုန်တွင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
မြိတ်ကျွန်းစုတွင် ကျွန်းငယ်ပေါင်း ၈၀၀ ကျော်ရှိသည့်အနက်ခရီးသွားလုပ်ငန်းအဖြစ်ဆောင်ရွက်ရန်ကျွန်း ၁၂ ကျွန်းအားလုပ်ကိုင်ခွင့်ပြုထားသည့်အနက်ကျွန်း ၁၀ ကျွန်းတွင်ဘန်ဂလိုနှင့်အပန်းဖြေစခန်းများကို တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကျွန်း၁၀ ကျွန်းအနက် ငခင်ညိုကြီးကျွန်းတွင်အပန်းဖြေစခန်းနှင့် ဘန်ဂလိုအလုံး ၂၀ တည်ဆောက်ရန်ဆောင်ရွက်နေရာ ဘန်ဂလို ၁၀ လုံးပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ညောင်ဦးဖီးကျွန်းတွင် ဘန်ဂလိုခြောက်လုံး၊ ဝန်ထမ်းအိမ်ရာနှစ်လုံးနှင့်ရေကန်တစ်ခုတည်ဆောက်ရန်လုပ်ကိုင် လျက်ရှိရာ ယခုအခါတည်ဆောက်ရေးအပိုင်း ၇၄ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ကျွန်း ၁၂ ကျွန်းတွင် နှစ်ကျွန်းမှာမြေသားအခြေအနေကြောင့်ကာကွယ်တောအဖြစ်ပြုလုပ်ထားပြီး ငခင်ညိုကြီးကျွန်းကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလကုန်တွင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
မြိတ်ကျွန်းစုသည် အရှေ့တောင်အာရှတွင် စိတ်ဝင်စားစရာအကောင်းဆုံးခရီးစဉ်ဒေသတစ်ခုအဖြစ်ရောက်ရှိနေ ပြီးယင်းဒေသသို့ ၂၀၁၄ ခုနှစ်တွင်ခရီးသွားဝင်ရောက်သူ ၂၂၀၀၀၀၊၂၀၁၅ ခုနှစ်တွင်၂၇၀၀၀၀ နှင့် ၂၀၁၆ ခုနှစ်တွင် သုံးသိန်းကျော်ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။