မြန်မာပြည်ရဲ့ အကြီးဆုံး ရေကူးကန် ကျပ်သိန်း ၂၀,၀၀၀ ခန့် ကုန်ကျခံ တည်ဆောက်မည်


01 January, 2020

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြန်မာပြည်ရဲ့ အကြီးဆုံး ရေကူးကန်ကို ကျပ်သိန်း ၂၀,၀၀၀ နီးပါး အကုန်အကျခံပြီး

တည်ဆောက်မှာဖြစ်ကြောင်း ကချင်ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ရေကူးကန်ကြီး တည်ဆောက်ရတဲ့ ရည်ရွယ်ချက်တွေက ပြည်နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ရေကူး အားကစားသမားတွေ မွေးထုတ်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ပြည်သူလူထုအပန်းဖြေရန်၊ အားကစားရပ်ဝန်းအဖြစ် ပြုလုပ်သွားရန်တို့ ဖြစ်ပါတယ်။

အများပြည်သူ အသုံးပြုဖို့အတွက် ရေကူးကန်ဝင်ကြေးကို လူအများ လက်လှမ်းမီတဲ့ နှုန်းထားဖြင့် ကောက်ခံမယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းမှာရှိတဲ့ ခရိုင်ဘောလုံးကွင်းနဲ့ တစ်ဆက်တည်း ဖြစ်တဲ့ ငြိမ်းချမ်းသာယာကားကြီးကွင်းအဟောင်းနေရာမှ ရေကူးကန်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်အတွင်းမှာ အပြီးအစီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်၊ ကားကြီးကွင်းအဟောင်းက ၂၄ ဒသမ ၆၆၂ ဧက ကျယ်ဝန်ပါတယ်။

ရေကူးကန်မှာ ၅၀ မီတာ ၂၅ မီတာ အရွယ်အစားဖြစ်ပြီး ပြေးလမ်း ၁၀ လမ်း ပါဝင်ပါတယ်။ ပွဲကြည့်စင်၊ ရေကူးကစားသမားတွေအတွက် အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်၊ စားရိပ်သာ၊ အဝတ်လဲခန်း၊ ရေကူးဝတ်စုံငှားရမ်းခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း စတာတေွ ပါဝင်ပါတယ်။

ရေကူးကန် ဆောက်လုပ်ရန် တင်ဒါအောင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးသည့်နောက် တစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

swimming_pool_1back.jpg

 

swimming_pool__left.jpg

swimming_pool__right.jpg

Local Factory and Industrial Plant Read 81 times