Myanmar Jewellery E-commerce Zone Online Market တည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူ


23 November, 2022

Myanmar Jewellery E-commerce Zone Online Market တည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Myanmar Secure Group Co.,Ltd မှ တည်ဆောက်လျက်ရှိသည့် Myanmar Jewellery E-commerce Zone Online Market ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ရန်အောင်မြင်ဂေါက်ကွင်းတွင် ထည့်သွင်းတည်ဆောက် မည့် အောက်ပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားးပါသည်။ 

(က) Myanmar Jewellery E-commerce Zone အတွင်းရှိ ကျောက်မျက်ရတနာဆိုင်ခန်းများ ( Jewellery Shop House ) တည်ဆောက်ခြင်းလုပ်ငန်း။ (လိုအပ်ပါကအမြန်ဆုံးလုပ်ငန်းများ
ပြီးစီးနိုင်ရေး နေ့/ည မပြတ် လုပ်ဆောင်နိုင်ရမည်။)

(ခ) Myanmar Jewellery E-commerce Zone အတွင်း Information Center Building ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။ 

(ဂ) Myanmar Jewellery E-commerce Zone အတွင်း စားသောက်ဆိုင်ခန်းများ တည်ဆောက်ခြင်းလုပ်ငန်း။

(ဃ) ဂေါက်လေ့ကျင့်ရေးကွင်း (Practice Field) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။

(င) Futsal ဘောလုံးကွင်း(၂)ကွင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။

(စ)ဘတ်စကက်ဘောအားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။

(ဆ) ရန်အောင်မြင်ဂေါက်ကွင်း Car Parking တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။ 

(ဇ) စီမံကိန်းအတွင်းလမ်းများ နိုင်လွန်ကတ္တရာခင်းခြင်းနှင့် ကွန်ကရစ်လမ်းများခင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း။

(စျ) ကြက်တောင်အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။ 

(ည) ဘော်လီဘောအားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။

အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များအား (၂၃-၁၁-၂၀၂၂)ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး (၂၉ -၁၁-၂၀၂၂)ရက်နေ့ (၁၇:၀၀)အချိန်နောက်ဆုံးထား ပြန်လည်တင်သွင်းရန်ဖြစ်ပါသည်။

အိတ်ဖွင့်တင်ဒါပုံစံများနှင့် ရောင်းချမည့်လိပ်စာ/တင်သွင်းရမည့်လိပ်စာမှာ 
Myanmar Secure Group Co.,Ltd 
Myanmar Jewellery E-commerce Zone Online Market စီမံကိန်းနေရာ 
ရွှေပြည်တော်ဝင်လမ်းနှင့်
မိုးသောက်ပန်းလမ်းထောင့် ၊ 
ဒက္ခိဏသီရိမြို့နယ်
နေပြည်တော်
ဖြစ်ပါသည်။

တင်ဒါဖွင့်လှစ်မည့်ရက်အားသီးခြားထုတ်ပြန်ကြေညာပေးသွားမည်။
စည်းကမ်းချက်နှင့်မညီညွတ်သော တင်ဒါလျှောက်လွှာများအား တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က လုံးဝ(လုံးဝ)လက်ခံစဉ်းစားပေးမည်မဟုတ်ဟု သိရပါသည်။

Tips Local Read 534 times