မြန်မာ-ဂျပန် နည်းပညာ ဖွံ့ဖြိုးရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


20 December, 2020

မြန်မာ-ဂျပန် နည်းပညာ ဖွံ့ဖြိုးရေး ဌာန အဆောက်အဦ (Myanmar-Japan Technological Development Centre-1 and Centre2) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂ဝ၁၉ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ဝနာရီတွင် ရန်ကုန် နည်းပညာ တက္ကသိုလ်တွင် ကျင်းပခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမနှင့် ဂျပန်-မြန်မာ Association မှ Secretary General Mr.Yuichi WATANABE တို့က အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က သုတေသန(၂)ခုတွင် တပ်ဆင်ထားသော စက်ပစ္စည်းများနှင့် အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

တဖန် JACA Myanmar Office မှ Masayuki Karasawa ကလည်း အမှာစကား ပြောကြားခဲ့ပါတယ်။

ယခု ဖွင့်လှစ်လိုက်သော မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာနအဆောက်အဦ ၂ခု (Myanmar-Japan Technological Development Centre 1 and Centre 2)တွင်စက်ပစ္စည်းများကို တန်ဖိုးအားဖြင့် ဂျပန်ယန်း (၂၅၈၂) သန်း သုံးစွဲတပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

ထို အဆောက်အဦ ၂ခုတွင် အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်မည့် စက်ပစ္စည်းများကို သုတေသန ဓါတ်ခွဲခန်း ၂၅ ခု တပ်ဆင်ထားပြီး စက်ပစ္စည်းများကို မြို့ပြ အင်ဂျင်နီယာဘာသာ၊ စက်မှုအင်ဂျင်နီယာဘာသာ၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘာသာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာ၊ မက္ကာထရောနစ်အင်ဂျင်နီယာဘာသာ၊ ဓာတုအင်ဂျင်နီယာဘာသာ၊ သတ္တုဗေဒအင် ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံဘာသာ၊ ဇီဝနည်းပညာ ဘာသာဆိုင်ရာ ဘွဲ့ကြိုကျောင်းသားကျောင်းသူများနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသန လုပ်ငန်းများကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

Events Read 412 times