မြန်မာနိုင်ငံတွင်ဆောက်လုပ်ရေးနှင့် NGOကဏ္ဍများတွင်လစာတိုးနှုန်း အမြင့်ဆုံးဖြစ်


06 December, 2020

  မြန်မာနိုင်ငံ၌ ဆောက် လုပ်ရေးနှင့် NGOကဏ္ဍများတွင် လစာတိုးနှုန်းအမြင့်ဆုံးဖြစ်ပြီး ထို ကဏ္ဍများတွင်အများဆုံး ၂၀ ရာခိုင်နှုန်းအထိလစာတိုးကြောင်း ပြင်သစ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အ သင်းချုပ် (CCI) ၏စစ်တမ်းတွင် ဖော်ပြသည်။

           အဆိုပါစစ်တမ်းအတွက်အ သင်းချုပ်က ခြောက်လအချိန်ယူ ခဲ့ပြီး မတူညီသောကဏ္ဍအမျိုးမျိုး မှစစ်တမ်းဖြေဆိုနိုင်သူ ၂၄၃ ဦး ထံမှ ကောက်ယူခဲ့ကြောင်း ဆို သည်။အဆိုပါကဏ္ဍနှစ်ခုတွင် ယ မန်နှစ်ထက်အနည်းဆုံးလစာ ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်ကြပြီး ဒုတိယအများဆုံး တိုးမြင့်ရရှိသည့်ကဏ္ဍများမှာကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ၊ တတိယအများဆုံးလစာတိုးသည့် ကဏ္ဍများမှာ စားသောက်ကုန်၊ ဘဏ္ဍာရေး၊ ဟိုတယ်၊ သယ်ယူပို့ ဆောင်ရေးတို့ဖြစ်သည်။ ကျန်းမာ ရေးကဏ္ဍတွင် အနည်းဆုံး ၆ ရာ ခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုး မြင့်ခဲ့ဟုဆိုထားသည်။

           လစာတိုးနှုန်းအနည်းဆုံး သည်စိုက်ပျိုးရေးနှင့် ပညာရေး ကဏ္ဍဖြစ်သည်ဟု အဆိုပါစစ် တမ်းတွင် ဖော်ပြထားသည်။အဆိုပါစစ်တမ်းအရစိုက် ပျိုးရေးကဏ္ဍတွင် အနိမ့်ဆုံးရုံးဝန် ထမ်းလစာသည် ကျပ် ၁၅၀,၀၀၀ မှ ၆၀၀,၀၀၀ ကြားရှိပြီး အင်ဂျင်နီ ယာကဏ္ဍတွင် ရုံးဝန်ထမ်းအဆင့် ကျပ် ၂၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြားရှိသည်။

              ဆောက်လုပ်ရေး ကဏ္ဍတွင် ရုံးဝန်ထမ်းလစာသည် ကျပ် ၁၄၄,ဝဝဝ မှ ကျပ် ၁ဝ သိန်းအထိ ရှိသည်ဟုဆိုသည်။

            အဆိုပါစစ်တမ်းတွင် မြန်မာ ကို အာရှတိုက်၏ နောက်ဆုံးပေါ် ထွန်းစနိုင်ငံအဖြစ်သတ်မှတ်ထား ပြီးအရှေ့တောင်အာရှတွင်  လူဦး ရေအများအပြားရှိသည့် နိုင်ငံ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အတွက် အခြေအနေကောင်းများ ရှိသော်လည်းမြန်မာနိုင်ငံသည် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း အဆိုပါအသင်းကဆိုသည်။

            မြန်မာနိုင်ငံတွင် အခြေခံ လုပ်ခလစာနှုန်းထားသည် တစ် ရက်လျှင် ကျပ် ၄,၈၀၀ ဖြစ်ပြီးအ လုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းရှိ သည်ဟု စစ်တမ်းက ဆိုထား သည်

Laws and Regulations Read 101 times