မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်လှစ်မည်


27 October, 2020

ကန်ဒေါ်လာ နှစ်သန်းကျော်အကုန်အကျခံတည်ဆောက်ထားသည့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ကိုဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးရှိ အဖွဲ့ချုပ်ရုံးအနီးတွင် တည်ဆောက်နေသော အမျိုးသားအကယ်ဒမီ(ရန်ကုန်)ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စတင်ပန္နတ်ချခဲ့ကြောင်းသိရသည်။

အလျား ၂၄၇ ပေ၊ အနံ ၄၉ ပေရှိသည့် နှစ်ထပ်အဆောက်အအုံဖြစ်သည်။

ယင်းအကယ်ဒမီတွင် ကျောင်းသားများလေ့ကျင့်သင်ကြားရန် မြင်ခင်းတုကွင်း နှစ်ကွင်းလည်းပါဝင်ပြီး သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အဝတ်လဲခန်၊ ရေချိုးသန့်စင်ခန်းစသည့်ဖြင့် နိုင်ငံတကာအဆင့်မီ အကယ်ဒမီတခုဖြစ်ကြောင်းသိရသည်။

မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)အတွက် စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာနှစ်သန်းကျော်ရှိကြောင်းသိရသည်။

ယင်းဘောလုံးအကယ်ဒမီအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒေါ်လာနှစ်သိန်းရှစ်သောင်းကျော် ပံ့ပိုးထားပြီး ဧရာဝတီဖောင်ဒေးရှင်းမှ မြက်ခင်းတုလေ့ကျင့်ရေးကွင်းနှစ်ကွင်းအတွက် ဒေါ်လာ ၁ ဒဿမ ၅ သန်းနှင့် အဆောက်အအုံအတွင်းပိုင်းပြင်ဆင်ဖြည့်ဆည်းမှုများအတွက် ဒေါ်လာငါးသိန်း(စုစုပေါင်း ဒေါ်လာ နှစ်သန်း) လှူဒါန်းကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) နှင့် (ပုသိမ်) တို့ကိုလည်းဖွင့်လှစ်ထားပြီး ယခုဖွင့်လှစ်မည့် မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)သည် မြန်မာနိုင်ငံ၏ တတိယမြောက်ဘောလုံးအကယ်ဒမီဖြစ်သည်။

7 Day Daily

Office and Retail Read 38 times