Myanmar Developer Association (MDA) မှ ကြီးမှုးကျင်းပမည့် အိမ်ခြံမြေ အရောင်းပြပွဲ လာပါပြီ


07 December, 2020

    မြို့ပြနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းဖြစ်တဲ့ Myanmar Developer Association (MDA) က Developers များကိုယ်တိုင် ရောင်းချမယ့် အိမ်ခြံမြေ အရောင်းပြပွဲဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပါတယ်။

          အဆိုပါအရောင်းပြပွဲကို ဇန်နဝါရီလ ၂၄ ရက်မှ ၂၇ ရက်ထိ မနက်(၉)နာရီမှ ညနေ (၅)နာရီအတွင်း Mingalar Parami Business Center မှာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်ကို ဦးဆောင်လုပ်ကိုင်နေသော MDA အဖွဲ့ဝင် ကုမ္ပဏီများ ၏ အိမ်ရာစီမံကိန်းများကို တစ်နေရာတည်းမှာ အထူးပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

         ဒီပြပွဲမှာဆိုရင် သိန်း (၂၀၀) ကျော်မှ စတဲ့ မြို့နယ်အစုံမှ တိုက်ခန်းတွေ၊ သိန်း (၅၀၀) ကျော် မှစတဲ့ မီနီကွန်ဒိုတွေ၊ ဂရန်မြေ ၊ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသော နိုင်ငံတကာအဆင့်မီ ကွန်ဒိုတွေကို တနေရာတည်းမှာ Developers များကိုယ်တိုင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

           ယခု ပြပွဲတွင် ဝင်ရောက်ပြသည့် Developer များတွင် သုံးလတိတိ အခမဲ့ စမ်းသပ်နေထိုင်ခွင့်ရှိပြီး စိတ်ကြိုက်တွေ့မှ ဝယ်ယူရသည့် စနစ်အပါအဝင် ကနဦးပေးသွင်းငွေ သုညရာခိုင်နှုန်းပေးသွင်းကာ ဝယ်ယူနိုင်မည့်စနစ်၊ ဝယ်ယူထားသည့် အခန်းအား ငါးနှစ်အကြာ ဝယ်ဈေးထက် နှစ်ဆ ပိုပေးဝယ်မည့်စနစ်များလည်းပါဝင်ကြောင်း သိရသည်။

           ရိုးမဘဏ်မှ အိမ်ရာငွေကြေး ဌာန တာဝန်ခံတစ်ဦးဖြစ်သ ဦးဝင်းဇာနည်က အိမ်ရာအရစ်ကျ ဝယ်ယူလိုသူများ အနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းအချက်အလက်များ ပြည့်စုံပါက ဘဏ်အနေဖြင့် အိမ်ရာချေးငွေများ အလျင်အမြန် ရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ အိမ်ရာချေးငွေအတွက် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး ပြပွဲအတွင်း ဝယ်ယူပါက ၀ ဒသမ ၅ ရာခိုင်နှုန်း တစ်နှစ်စာ သက်သာခွင့် ရရှိမည်ဖြစ်ကြောင်း ပြောသည်။

         အိမ်ရာချေးငွေများ တထိုင်တည်းလျှောက်ထားနိုင်အောင် ဘဏ်ကြီးများမှလည်း အဆိုပါ ပြပွဲရက်အတွင်း ရှိနေမှာဖြစ်ပါတယ်။

          ဒီအရောင်းပြပွဲမှာ ပါဝင်ပြသမယ့် MDA ရဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေကတော့ Sae Paing Development Ltd၊ Ngapali Construction Co.,Ltd၊ Naing Group Construction Co.,Ltd၊ ထင်းရှုးမြိုင်အိမ်ရာ၊ Resources Group Global Co.,Ltd၊ Shwe Zabudeik Construction Co.,Ltd၊ Myanmar Seilone Co.,Ltd၊ Sun Myat Tun Construction Co.,Ltd၊ Maggin Construction Co.,Ltd၊ iGreen Development and Engineering Group၊ Fortune Plaza တို့ပဲဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့အထူးဈေးနှုန်းများ၊ ပရိုမိုးရှင်းအစီအစဉ်များ ကို သိရှိချင်တယ်ဆိုရင်တော့ http://bit.ly/2smxHQN ကို နှိပ်ပြီး စာရင်းပေးသွင်းလိုက်ပါနော်။

Source: Shwe Property

Events Read 306 times