မြန်မာ-တရုတ်စင်္ကြံလမ်းပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အခွင့်အလမ်း


05 December, 2020

          မြန်မာ-တရုတ်စင်္ကြံ လမ်းပူးပေါင်းဆောင်ရွက်ရေးနား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးနိုင်ခြင်းက တရုတ်ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ရေး အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။

          နိုင်ငံရေးစွက်ဖက်မှုနှင့်ပတ် သက်၍ တရုတ်အစိုးရက အာမခံ ချက်ပေးလာခြင်းကြောင့် သံသယ များလျော့နည်းလာပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုကို လိုချင်သည့် နိုင်ငံ များလာသည်ဟု မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် လေးက ပြောသည်။

           အမေရိကန်နှင့် အီးယူ(ဥရောပသမဂ္ဂ)နိုင်ငံများသည် ရခိုင် အရေးကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေချိန် ၌ မြန်မာနိုင်ငံအတွက် တရုတ် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

           မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ဧပြီမှ ဇူလိုင်လကုန်အထိ လေးလအ တွင်း လုပ်ငန်း ၁၉ ခု၊ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၁ဝဝ ခန့် ရှိသည်။ မြန်မာနိုင်ငံ၏နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၅၆ ခု၊ ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၂ဝ ဘီလီယံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

           စင်္ကြံလမ်းပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြင်းကို စီး ပွားရေးလုပ်ငန်းရှင်များက ကြိုဆို သည်ဟု ဒေါက်တာမောင်မောင် လေးက ဆိုသည်။

‘‘တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမှာတော့ အသေအချာပဲ’’ ဟု ဒေါက်တာမောင်မောင်လေး က ပြောသည်။

           မြန်မာ-တရုတ် စင်္ကြံလမ်း က တရုတ်ရင်းနှီးမြှုပ်နှံမှုအပြင် တစ်ရက်ကန်ဒေါ်လာ ၁၆ သန်း ကုန်သွယ်မှုပြုလုပ်နေသည့် နယ် စပ်ကုန်သွယ်ရေးလည်း  အထောက်အကူများစွာရနိုင်သည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုး သူရအေးက ပြောသည်။

           မြန်မာ-တရုတ်စင်္ကြံလမ်း ပူးပေါင်းဆောင်ရွက်ရေးနားလည် မှုစာချွန်လွှာကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကိုယ်စား အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ မှုကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ဟယ် လီဖုန်းတို့က စက်တင်ဘာ ၉ ရက် တွင် ဘေဂျင်းမြို့၌ လက်မှတ်ရေး ထိုးခဲ့သည်။

         စင်္ကြံလမ်း အကောင်အထည်ဖော်ရေး လိုအပ်သည့် ဘဏ္ဍာငွေကို တရုတ်ဘဏ်များ သာမက အခြားသော နိုင်ငံခြားဘဏ်များ၌ ချေးငွေရယူနိုင်မည့် အခွင့်အရေးလည်း သဘောတူညီမှုရရှိခဲ့ကြောင်း ခရီးစဉ်တွင် ပါဝင်သည့် အစိုးရအရာရှိ တစ်ဦးက ပြောသည်။ စင်္ကြံလမ်း အကောင်အ ထည်ဖော်ရာတွင် သဘာဝပတ် ဝန်းကျင်၊ ရိုးရာယဉ်ကျေးမှု၊ ဘာ သာတရားကို လေးစားလိုက်နာပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန် သဘော တူကြောင်း ၎င်းက ပြောကြားသည်။

         မြန်မာ-တရုတ် စင်္ကြံလမ်း သည် တရုတ်နိုင်ငံရွှေလီမှ ရှမ်း ပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကို ဖြတ်သန်းပြီး မန္တလေး၊ နေပြည်တော်မှ ကျောက်ဖြူလမ်းကြောင်း နှင့် နေပြည်တော်မှ ရန်ကုန်လမ်း ကြောင်းဟူ၍ ကားလမ်းဖောက် လုပ်ရန် စီစဉ်ထားသည်။စင်္ကြံလမ်း  ဖြတ်သန်းရာ တစ်လျှောက်တွင် စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ တည်ထောင်ပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင် မည်ဖြစ်သည်။

Global Read 37 times