MYANBUILD 2017 နှင့် MIVAR 2017 ကုန်စည်ပြပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်


14 November, 2020

MYANBUILD 2017 နှင့် MIVAR 2017 ကုန်စည်ပြပွဲကြီးအတွက် သတင်းစာရှင်းလငး်ပွဲကိုနို၀င်ဘာလ၁၄ရက်နေ့က Yangon Sule Square တွင်ပြုလုပ်ကျင်းပခဲ့သည်။

နှစ်စဉ်ကျင်းပသည့်MYANBUILD/MIVAR ပြပွဲကိုလာမည့်နိ၀င်ဘာလ၃၀ရက်နေ့မှဒီဇင်ဘာလ၂ရက်နေ့အထိမင်းဓမ္မလမ်းရှိ Myanmar Event Park(MEP)တွင်၃ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဧ။်ကူညီပံ့ပိုးမှုဖြင့်ပြပွဲကြီးတွင်နိုင်ငံပေါင်း၂၆နိုင်ငံမှကုန်ပစ္စည်း Brand ပေါင်း၃၆၀ကျော်ပါ၀င်ပြသမည်ဖြစ်သည်။

အဆိုပါပြပွဲကြီးတွင်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ၊ အင်ဂျင်နီယာများ ၊ ဗိသုကာပညာရှင်များအတွက်ကုန်ပစ္စည်းအသစ်များစွာကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီးနိုင်ငံတကာမှကုန်ပစ္စည်းမျိုးစုံတို့နှင့်အတူလေအေးပေးစက်ဆိုင်ရာပစ္စည်းများကိုလည်းတွေ့မြင်နိုင်မည်ဖြစ်သည်။

ထိုပြပွဲကြီးနှင့်အတူ MYANCONCRETE'17,MYANMAR HARDWARE'17 နှင့် MISEF'17 စသည့်ပြပွဲများပါ ပူးတွဲပါ၀င်မည်ဖြစ်သည်။

ထို့အပြင် MYANMAR ARCHITECT CONGRESS 2017 သည်လည်းပြပွဲရက်အတွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့ကြောင့်ဤပြပွဲကြီးသည်နိုင်ငံတွင်းရှိဗိသုကာပညာရှင်အများအပြားတိုက်ရောက်ကြသည့်ပြပွဲကြီးဖြစ်လာလိမ့်မည်ဟုလည်းခန့်မှန်းရပါသည်။

Events Read 103 times